သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်သွင်းကုန် ကန် အခွန်တိုးကောက်မည်


တရုတ်သွင်းကုန် ကန် အခွန်တိုးကောက်မည့် အမိန့်ထုတ်ပြန်ချက် သမ္မတထရမ့် အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုး ( မတ် ၂၂-၂၀၁၈)
တရုတ်သွင်းကုန် ကန် အခွန်တိုးကောက်မည့် အမိန့်ထုတ်ပြန်ချက် သမ္မတထရမ့် အိမ်ဖြူတော်တွင် လက်မှတ်ရေးထိုး ( မတ် ၂၂-၂၀၁၈)

အမေရိကန်ဒေါ်လာ ၆၀ ဘီလီယံဖိုးလောက်ရှိတဲ့ တရုတ်တင်သွင်းကုန်ပစ္စည်းအမျိုးပေါင်း ၁,၃၀၀ နီးပါးအပေါ် ကုန်သွယ်ခွန် စည်းကျပ်ရေး စတင်လုပ်ဆောင်ရမယ့် သမ္မတရဲ့ အမိန့်ထုတ်ပြန်ချက်တခုကို အမေရိကန်သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ကြာသပတေးနေ့မှာ လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါပြီ။

ဒီလုပ်ရပ်ကြောင့် အမေရိကန် နည်းပညာကုန်ထုတ်လုပ်ငန်းမှာ တရုတ်တို့ ရင်းနှီးမြှုပ်နှံနိုင်စွမ်း အကန့်အသတ်ဖြစ်သွားစေပြီး တရုတ်နဲ့အမေရိကန်ကြား ကုန်သွယ်ရေးစစ်ပွဲ ဖြစ်မယ့်အလားအလာ ပေါ်လာပါတယ်။

တရုတ်တို့ရဲ့ ကုန်သွယ်ရေးပိုင်း လုပ်ဆောင်ချက်တွေဟာ ကျိုးကြောင်း ဆီလျော်မှုရှိ သလား ဒါမှမဟုတ် ခွဲခြားသတ်မှတ်တာ ရှိသလား၊ အမေရိကန် ဉာဏထုတ်ကုန်မူပိုင်ခွင့်၊ တီထွင်ဖန်တီးမှု ဒါမှမဟုတ် နည်းပညာဖွံ့ဖြိုးမှုကို ထိခိုက်စေသလား စတာတွေကို ဆန်းစစ်ဖို့ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်က ဦးဆောင်ပြီး စုံစမ်းစစ်ဆေးမှုတခု လုပ်ခဲ့တာရဲ့ ရလဒ်အနေနဲ့ အခုလို လုပ်ဆောင်ဖို့ ဆုံးဖြတ်တာပါ။ ခုနစ်လကြာ စုံစမ်းစစ်ဆေးပြီးတဲ့နောက် ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေကို ချိုးဖောက်မှုရှိတယ် ဆိုတာ ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့က တွေ့ခဲ့တာပါ။

ကျနော်တို့ရဲ့ ဉာဏထုတ်ကုန်တွေကို အကြီးအကျယ် ခိုးယူခံရတာတွေဖြစ်နေပါတယ်လို့ အမိန့်ကြေညာစာ လက်မှတ်ထိုးပွဲမှာ သမ္မတထရမ့်ပ်က ပြောပါတယ်။ တရုတ်အပါအဝင် တခြားနိုင်ငံတွေနဲ့ ကုန်သွယ်ရေးနဲ့ အခွန်အကောက်ဆိုင်ရာ အပြန်အလှန် သဘောတူညီချက်တွေ အမေရိကန်က လိုချင်တယ်လို့ သမ္မတကပြောပြီး သူတို့က ကျနော်တို့က အခွန်ကောက်ရင် ကျနော်တို့ ကလည်း သူတို့ကို အလားတူကောက်မှာပဲလို့ အိမ်ဖြူတော်မှာလုပ်တဲ့ လက်မှတ်ထိုးပွဲမှာ သမ္မတထရမ့်ပ်က ပြောသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG