သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump နဲ့ တရုတ်ဒု-သမ္မတ ဆွေးနွေးမှုအလားအလာကောင်း


ကန်သမ္မတ Donald Trump တရုတ်ဒုသမ္မတ Liu He နှင့်တွေ့ဆုံ။
ကန်သမ္မတ Donald Trump တရုတ်ဒုသမ္မတ Liu He နှင့်တွေ့ဆုံ။

တရုတ်ဒုသမ္မတ Liu He နဲ့ ကြာသပတေးနေ့က အိမ်ဖြူတော်မှာ တွေ့ဆုံပြီးနောက် တရုတ်နိုင်ငံနဲ့ စီးပွားရေး ထိပ်တိုက်ရင်ဆိုင်ဖြစ်နေတဲ့ ကိစ္စဟာ ပြောင်းပြန်ဖြစ်သွား နိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အပြုသဘောဆောင် ပြောကြားလိုက်ပါတယ်။ ရလဒ်ကောင်း ပေါ်ထွက်လာခဲ့ရင် ဒါဟာ အကြီးမားဆုံး သဘောတူညီမှုတရပ် ဖြစ်မယ်လို့လည်း ဆိုပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင် ပေးပို့လိုက်တဲ့စာကို စကားပြန်ကတဆင့် ဖတ်ပြရာမှာတော့ အမေရိကန်-တရုတ် နှစ်နိုင်ငံ ဆက်ဆံရေးဟာ အရေးကြီးဆုံး အဆင့်ကို ရောက်နေတယ်လို့ ဖေါ်ပြထားပါတယ်။ နှစ်ဖက်စလုံးက အပြန်အလှန် လေးစားမှုနဲ့ ဆက်လက် လုပ်ဆောင်ကြလိမ့် မယ်လို့ မျှော်လင့်ကြောင်းနဲ့ အပြုသဘောဆောင် သဘောတူညီမှု ရရှိလာရင် နှစ်နိုင်ငံပြည်သူတွေနဲ့တကွ နိုင်ငံတကာ အသိုင်းအဝိုင်းအတွက်ပါ အကျိုးရှိစေလိမ့်မယ်လို့လည်း အဲဒီစာထဲမှာ ဖေါ်ပြထားပါတယ်။

ဒီစာဟာ လွန်စွာမှ နှစ်လိုဖွယ်ရာကောင်းတဲ့ စာဖြစ်ပြီး နှစ်သက် သဘောကျမိတယ်လို့လည်း ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ကြာသပတေးနေ့ အစောပိုင်းက အိမ်ဖြူတော်ရုံးခန်းမှာ သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်- တရုတ်တို့ဟာ ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းနဲ့ တခြားဈေးကွက်တွေကို ဖွင့်လှစ်ပေးထားပြီး ဖြစ်ပေမယ့် စိုက်ပျိုးမွေးမြူရေးနဲ့ ကုတ်ထုတ်လုပ်မှုအတွက် ဈေးကွက်တွေ ဖွင့်လှစ်ရေးကိုတော့ သဘောတူညီမှု မရသေးဘူးလို့ သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။

XS
SM
MD
LG