သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ အချစ်ဇတ်လမ်းရှိခဲ့သူက နှုတ်ပိတ်နေဖို့ ခြိမ်းခြောက်ခံခဲ့ရဟုဆို


Donald Trump အမေရိကန် သမ္မတ မဖြစ်ခင်က သူနဲ့ အချစ်ဇာတ်လမ်း ရှိခဲ့တယ်လို့ ပြောဆိုထားတဲ့ လိင်ဖျော်ဖြေရေး ဇာတ်ကားတွေ ရိုက်ကူးသူ သရုပ်ဆောင် Stormy Daniels က သူ့အနေနဲ့ ဒီအကြောင်းကို ပြန်ပြောဖို့ ကြိုးစားတာမှာ ခြိမ်းခြောက်ခံရတဲ့အကြောင်းနဲ့ သူ့ရဲ့ မိသားစုအတွက် စိုးရိမ်ရတာကြောင့် မစ္စတာ Trump ရဲ့ ရှေ့နေတဦးက တဆင့် ပေးတဲ့ နှုတ်ပိတ်ကြေး ငွေကို လက်ခံခဲ့ရတယ်လို့ CBS ရုပ်သံရဲ့ 60 Minutes အစီအစဉ်မှာ ပြောဆိုသွားပါတယ်။

မနေ့ တနင်္ဂနွေနေ့က အများစောင့်မျှော်နေကြတဲ့ တွေ့ဆုံမေးမြန်းခန်းမှာတော့ နာမည်ရင်း Stephanie Clifford လို့ခေါ်တဲ့ Stormy Daniels က သူ့ရဲ့ သမီးငယ်လေးနဲ့ အတူ ကာယလေ့ကျင့်ခန်း သင်တန်းကို အသွားမှာ လူစိမ်းတယောက်က ချဉ်းကပ်လာခဲ့တယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ အမျိုးသား တယောက်က သူ့ဆီကို လျှောက်လာပြီး Trump အကြောင်း ဘာမှ မပြောဖို့၊ အဲဒီအကြောင်းတွေကို မေ့ပြစ်လိုက်ဖို့ ပြောခဲ့တယ်လို့ Daniels က ရုပ်သံ သတင်းသမား Anderson Cooper ကို ပြောဆိုခဲ့တာပါ။

ဒီအဖြစ်အပျက်ကတော့ ၂၀၁၁ ခုနှစ်တုန်းက Las Vegas က ကားပါကင် တခုမှာ ဖြစ်ခဲ့တာ ဖြစ်ပြီး အဲဒီအချိန်က Stromy Daniels က သူ့ရဲ့ အတွေ့အကြုံတွေကို လူဖတ်များတဲ့ Tabloid မဂ္ဂဇင်းတခုကို ရောင်းဖို့ ပထမဆုံးအကြိမ် ကြိုးစားခဲ့တာလို့ လည်း ပြောဆိုသွားပါတယ်။ သူမကို ဘယ်သူက ဒုက္ခပေးနိုင်သလဲ ဆိုတာကို မသိပေးမဲ့လည်း ရှေ့နေ Michael Cohen ဖြစ်မယ်လို့ ယုံကြည်နေခဲ့တယ်လို့ ပြောဆိုသွားပါတယ်။ ရှေ့နေ Cohen ကတော့ Daniels ကို ခြိမ်းခြောက်တယ်ဆိုတာကို ငြင်းဆိုထားပြီး 60 Minutes ရုပ်သံ အစီအစဉ်မှာ ပြောကြားဖို့ ဖိတ်ကြားချက်ကိုလည်း ပယ်ချခဲ့ပါတယ်။

XS
SM
MD
LG