သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ထရမ့္ ေနအိမ္စီးနင္းမႈကိစၥ အထူးတာဝန္ခံခန္႔အပ္ဖို႔ ထရမ့္ေရွ႕ေနေတြ ေတာင္းဆို 


သမၼတေဟာင္းေဒၚနယ္ထရမ့္ပိုင္ဆိုင္တဲ့ ဖေလာ္ရီဒါက Mar-a-Lago ကေနအိမ္။ 

[[Zawgyi/Unicode]]

သမၼတေဟာင္း ေဒၚနယ္ထရမ့္ရဲ႕ဖေလာ္ရီဒါမွာရွိတဲ့ Mar-a-Lago ေနအိမ္ကေန သိမ္းသြားတဲ့ စာရြက္စာတမ္းေတြကို ဖက္ဒရယ္စံုစမ္းစစ္ေဆးေရး ဗ်ဴ႐ို FBI က သံုးသပ္စစ္ေဆးခြင့္ ယာယီပိတ္ထားဖို႔ ထရမ့္ရဲ႕ေရွ႕ေနေတြက ဖက္ဒရယ္အစိုးရတရားသူႀကီးတဦးထံ ေလွ်ာက္ ထားလိုက္ပါတယ္။ ဘက္လိုက္မႈမရွိတဲ့ အထူးတာဝန္ခံတဦးကို ခန္႔အပ္ၿပီးမွာ သံုးသပ္စစ္ေဆးမႈေတြ ျပန္လုပ္ဖို႔ ေရွ႕ေနေတြက ေတာင္းဆိုပါတယ္။

လြန္ခဲ့တဲ့သီတင္းႏွစ္ပတ္က သမၼတေဟာင္းထရမ္႔ Mar-a-Lago ေနအိမ္ကို FBI က ဝင္ေရာက္ ရွာေဖြၿပီး စာရြက္စာတမ္းေတြယူသြားတဲ့လုပ္ရပ္ဟာ အုပ္ခ်ဳပ္မႈအာဏာခံစားခြင့္ကို ဂ႐ုမစိုက္ဘဲ အတင့္ရဲလြန္းတဲ့လုပ္ရပ္ျဖစ္တယ္ဆိုၿပီး တရား႐ံုး ေလွ်ာက္ထားခ်က္ထဲမွာ ေရွ႕ေနေတြက ေျပာထားပါတယ္။

သက္ဆိုင္သူသာ ဖတ္ရႈခြင့္ရွိတဲ့ ထိပ္တန္းစာရြက္စာတမ္း မွတ္တမ္းေတြကို သမၼတတာဝန္ၿပီးဆံုးခဲ့တဲ့ေနာက္ပိုင္း သမၼတေဟာင္းထရမ့္ တရားမဝင္ယူေဆာင္ထားျခင္းရွိမရွိ FBI က စံုစမ္းေနတာျဖစ္ပါတယ္။

လံုျခံဳေရးအဆင့္ သတ္မွတ္ထားတဲ့စာရြက္စာတမ္း ၁၁ စံုကို ဖေလာ္ရီဒါ ေနအိမ္ကေန ဒီလအေစာပိုင္းတုန္းက FBI က သိမ္းဆည္းရမိတာျဖစ္ၿပီး ဒီအထဲမွာ အစိုးရဌာနေတြမွာပဲ ထားရတဲ့ ႏိုင္ငံေတာ္ရဲ႕အဆင့္အျမင့္ဆံုး ထိပ္တန္းလံုျခံဳေရးအဆင့္ စာတမ္းေရးထိုးထားတဲ့ စာရြက္စာတမ္းေတြ ပါဝင္ေနတာပါ။ ဒီႏွစ္အစပိုင္းမွာလည္း ထရမ့္ သမၼတတာဝန္ကေန ၿပီးဆံုးသြားခ်ိန္မွာ အမ်ိဳးသားေမာ္ကြန္းတိုက္ကေန ထိန္းသိမ္းရမယ့္ စာရြက္စာတမ္းပါ ပံုးေတြကို ဖေလာ္ရီဒါ ေနအိမ္ကေန သိမ္းယူခဲ့တာ ျဖစ္ပါတယ္။

သူ႔ေနအိမ္ကို ၾသဂုတ္လ ၈ ရက္ေန႔က FBI က ရွာေဖြမႈကို ထရမ့္ကေဝဖန္ခဲ့သလို ဒီရွာေဖြမႈဟာ အံ့ၾသေလာက္တဲ့ ရန္လိုတဲ့လုပ္ေဆာင္မႈအျဖစ္ေျပာဆိုၿပီး တရားဝင္ကန္႔ကြက္ခဲ့ပါတယ္။ တရားေရးဌာနကေတာ့ သမၼတေဟာင္းရဲ႕လုပ္ရပ္ဟာ ရာဇဝတ္ပစ္မႈ က်ဳးလြန္ရာ ေရာက္ႏိုင္ေၾကာင္း FBI က တင္ျပခဲ့တဲ့အတြက္ ဖက္ဒရယ္ အစိုးရတရားသူႀကီးေတြက ရွာေဖြခြင့္ ျပဳလိုက္တာျဖစ္ေၾကာင္း တုန္႔ျပန္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

ထရမ့် နေအိမ်စီးနင်းမှုကိစ္စ အထူးတာဝန်ခံခန့်အပ်ဖို့ ထရမ့်ရှေ့နေတွေ တောင်းဆို

သမ္မတဟောင်း ဒေါ်နယ်ထရမ့်ရဲ့ဖလော်ရီဒါမှာရှိတဲ့ Mar-a-Lago နေအိမ်ကနေ သိမ်းသွားတဲ့ စာရွက်စာတမ်းတွေကို ဖက်ဒရယ်စုံစမ်းစစ်ဆေးရေး ဗျူရို FBI က သုံးသပ်စစ်ဆေးခွင့် ယာယီပိတ်ထားဖို့ ထရမ့်ရဲ့ရှေ့နေတွေက ဖက်ဒရယ်အစိုးရတရားသူကြီးတဦးထံ လျှောက် ထားလိုက်ပါတယ်။ ဘက်လိုက်မှုမရှိတဲ့ အထူးတာဝန်ခံတဦးကို ခန့်အပ်ပြီးမှာ သုံးသပ်စစ်ဆေးမှုတွေ ပြန်လုပ်ဖို့ ရှေ့နေတွေက တောင်းဆိုပါတယ်။

လွန်ခဲ့တဲ့သီတင်းနှစ်ပတ်က သမ္မတဟောင်းထရမ့် Mar-a-Lago နေအိမ်ကို FBI က ဝင်ရောက် ရှာဖွေပြီး စာရွက်စာတမ်းတွေယူသွားတဲ့လုပ်ရပ်ဟာ အုပ်ချုပ်မှုအာဏာခံစားခွင့်ကို ဂရုမစိုက်ဘဲ အတင့်ရဲလွန်းတဲ့လုပ်ရပ်ဖြစ်တယ်ဆိုပြီး တရားရုံး လျှောက်ထားချက်ထဲမှာ ရှေ့နေတွေက ပြောထားပါတယ်။

သက်ဆိုင်သူသာ ဖတ်ရှုခွင့်ရှိတဲ့ ထိပ်တန်းစာရွက်စာတမ်း မှတ်တမ်းတွေကို သမ္မတတာဝန်ပြီးဆုံးခဲ့တဲ့နောက်ပိုင်း သမ္မတဟောင်းထရမ့် တရားမဝင်ယူဆောင်ထားခြင်းရှိမရှိ FBI က စုံစမ်းနေတာဖြစ်ပါတယ်။

လုံခြုံရေးအဆင့် သတ်မှတ်ထားတဲ့စာရွက်စာတမ်း ၁၁ စုံကို ဖလော်ရီဒါ နေအိမ်ကနေ ဒီလအစောပိုင်းတုန်းက FBI က သိမ်းဆည်းရမိတာဖြစ်ပြီး ဒီအထဲမှာ အစိုးရဌာနတွေမှာပဲ ထားရတဲ့ နိုင်ငံတော်ရဲ့အဆင့်အမြင့်ဆုံး ထိပ်တန်းလုံခြုံရေးအဆင့် စာတမ်းရေးထိုးထားတဲ့ စာရွက်စာတမ်းတွေ ပါဝင်နေတာပါ။ ဒီနှစ်အစပိုင်းမှာလည်း ထရမ့် သမ္မတတာဝန်ကနေ ပြီးဆုံးသွားချိန်မှာ အမျိုးသားမော်ကွန်းတိုက်ကနေ ထိန်းသိမ်းရမယ့် စာရွက်စာတမ်းပါ ပုံးတွေကို ဖလော်ရီဒါ နေအိမ်ကနေ သိမ်းယူခဲ့တာ ဖြစ်ပါတယ်။

သူ့နေအိမ်ကို သြဂုတ်လ ၈ ရက်နေ့က FBI က ရှာဖွေမှုကို ထရမ့်ကဝေဖန်ခဲ့သလို ဒီရှာဖွေမှုဟာ အံ့သြလောက်တဲ့ ရန်လိုတဲ့လုပ်ဆောင်မှုအဖြစ်ပြောဆိုပြီး တရားဝင်ကန့်ကွက်ခဲ့ပါတယ်။ တရားရေးဌာနကတော့ သမ္မတဟောင်းရဲ့လုပ်ရပ်ဟာ ရာဇဝတ်ပစ်မှု ကျုးလွန်ရာ ရောက်နိုင်ကြောင်း FBI က တင်ပြခဲ့တဲ့အတွက် ဖက်ဒရယ် အစိုးရတရားသူကြီးတွေက ရှာဖွေခွင့် ပြုလိုက်တာဖြစ်ကြောင်း တုန့်ပြန်ပါတယ်။

XS
SM
MD
LG