သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump တိုက်ခိုက်မှုအပေါ် ကန် မီဒီယာတွေ စိုးရိမ်လာ


အမေရိကန်ပြည်ထောင်စုမှာ သမ္မတတွေနဲ့ မီဒီယာကြား အဖုအထစ်တွေ ရှိခဲ့ဘူးပေမဲ့၊ သမ္မတ Donald Trump လက်ထက်မှာ ဝေဖန်တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာနေတဲ့အတွက် မီဒီယာတွေ စုစည်းပြီး တုံ့ပြန်ဖို့ ကြိုးစားနေကြပါတယ်။

သမ္မတ Trump က မီဒီယာတွေဟာ စစ်ဖြစ်လောက်အောင် အန္တရာယ်ရှိတဲ့ ပြည်သူ့ရန်သူ အဖြစ်နဲ့ သုံးနှုန်းပြောဆိုခဲ့သလို၊ သတင်းမီဒီယာတွေ ဘက်ကလည်း သမ္မတရဲ့ ပြောဆိုချက်တွေဟာ စိုးရိမ်စရာ အန္တရာယ်ကြီးတဲ့ သဘောထားအဖြစ် ပြောဆိုထားကြတာပါ။ သတင်းစာလွတ်လပ်ခွင့်အပေါ် ညစ်ပတ်တဲ့ နည်းတွေနဲ့ ဖိနှိပ်နေတာတွေကို တွန်းလှန်မယ်လို့ ကြေညာထားတဲ့ Boston Globe သတင်းစာကြီးရဲ့ လှုပ်ရှားမှုမှာတော့ နိုင်ငံတဝန်းက သတင်းစာတွေ ဒီနေ့မှာ ပူးပေါင်းပါဝင်လာကြပါတယ်။

လှုပ်ရှားမှုမှာ သတင်းဌာနပေါင်း ၃၅၀ ပါဝင်ဖို့ ကတိပြု ထားကြောင်းလည်း သတင်းစာက ပြောဆိုထားတာပါ။ အမေရိကန်ရဲ့ အခြေခံရပ်တည်ချက်တွေဟာ သတင်းသမားတွေကို ပြည်တွင်းမှာ သာမက၊ ပြည်မှာလည်း လွတ်လပ်မှုရဲ့ စံနမူနာအဖြစ် ရာစုနှစ် ၂ ခုကျော်ကြာ အကာအကွယ် ပေးလာခဲ့ပေမဲ့ ဒီနေ့အချိန်မှာတော့ ကြီးမားတဲ့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရကြောင်းလည်း Boston Globe သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်က ရေးသားခဲ့ပါတယ်။ တူရကီ၊ ရုရှား၊ တရုတ်၊ အီရတ် နိုင်ငံတွေက အာဏာရှင်ဆန်ဆန် အုပ်စိုးသူတွေ ပြည်တွင်းမှာ သတင်းသမားတွေကို ဖိနှိပ်နိုင်အောင် အားပေးရာ ရောက်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

New York Times သတင်းစာ အယ်ဒီတာ့အာဘော် တာဝန်ခံ James Bennet ကလည်း နိုင်ငံတဝန်းက သတင်းစာတွေ စီးပွားရေး၊ နိုင်ငံရေးအရ ဖိအားပေး ခံနေရချိန်မှာ မီဒီယာတွေဘက်က မားမားမတ်မတ် ရပ်တည်သွားမှာ ဖြစ်ကြောင်းနဲ့ ညီညွတ်မှုကို ပြသဖို့ အရေးကြီးကြောင်း ပြောဆိုခဲ့ပါတယ်။

သမ္မတ Trump တိုက်ခိုက်မှုအပေါ် ကန် မီဒီယာတွေ စိုးရိမ်လာ
please wait

No media source currently available

0:00 0:01:20 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG