သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားရေနံ အပေါ် အားကိုးမှု ဂျာမနီကို Trump ဝေဖန်


ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာကျင်းပနေတဲ့ NATO စစ်မဟာမိတ်အစည်းအဝေးအတွင်း အမေရိကန် သမ္မတ Donald Trump ဆွေးနွေးပြောဆိုနေစဉ်
ဘယ်လ်ဂျီယံနိုင်ငံ Brussels မှာကျင်းပနေတဲ့ NATO စစ်မဟာမိတ်အစည်းအဝေးအတွင်း အမေရိကန် သမ္မတ Donald Trump ဆွေးနွေးပြောဆိုနေစဉ်

ကာကွယ်ရေးဆိုင်ရာ ဥရောပ မဟာမိတ်နိုင်ငံတွေထဲက အကြီးဆုံးနဲ့ အချမ်းသာဆုံး နိုင်ငံဖြစ်တဲ့ ဂျာမနီဟာ ရုရှားရဲ့ အချုပ်အနှောင်ကို ခံနေတယ်လို့ စွပ်စွဲပြီး အမေရိကန် သမ္မတ Donald Trump က ဂျာမနီ တနိုင်ငံထဲကို ကွက်ပြီး NATO စစ်မဟာမိတ်တွေရဲ့ ဗုဒ္ဓဟူးနေ့ အစည်းအဝေးမှာ အပစ်တင် ဝေဖန်လိုက်ပါတယ်။

ဂျာမနီက ရုရှားစွမ်းအင်ကုမ္ပဏီ Gazprom ကို ဂျာမဏီရေပိုင်နက်ကို ဖြတ်ပြီး Nord Stream 2 ပိုက်လိုင်း တည်ဆောက်ခွင့် ပေးခဲ့တာအတွက် NATO အတွင်းရေးမှုးချုပ် Jens Stoltenberg နဲ့ မနက်စာစားရင်း ပြုလုပ်တဲ့ အစည်းအဝေးမှာ သမ္မတ Trump က ဂျာမနီကို ဝေဖန်ခဲ့တာ ဖြစ်ပါတယ်။

ဂျာမနီဟာ သူ့နိုင်ငံထဲမှာ ကျောက်မီးသွေးဓါတ်အားပေးစက်ရုံတွေ နျူကလီယား ဓါတ်အားပေး စက်ရုံတွေကို ရပ်ဆိုင်းစေပြီး ရုရှားဆီက ရေနံနဲ့ သဘာဝ ဓါတ်ငွေ့တွေယူကာ ရုရှားကို တနှစ် ဒေါ်လာ ဘီလျံပေါင်းများစွာ ရအောင် လုပ်ပေးနေတယ်လို့ သမ္မတ Trump က ဝေဖန်ခဲ့ပြီး NATO အဖွဲ့က ဒီကိစ္စမျိုးကို လျစ်လျူမရှုသင့်ကြောင်းပြောခဲ့တာပါ။

ဂျာမနီဝန်ကြီးချုပ် Angela Merkel ကလည်း သူငယ်စဉ်ဘဝ ဂျာမဏီ ၂ ခြမ်းကွဲနေချိန်က အရှေ့ဂျာမဏီဘက်မှာ နေထိုင်ခဲ့ဘူးတာမို့ ရုရှားလက်အောက်မှာ ဘယ်လိုနေရတယ် ဆိုတာကို သူသေသေချာချာ သိထားကြောင်းနဲ့ အခု ကိုယ်ပိုင် လွတ်လပ်တဲ့ မူဝါဒတွေနဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်တဲ့ ၂၁ ရာစု ဂျာမဏီဖြစ်နေပြီမို့ ရုရှားကမလွှမ်းမိုးနိုင်ကြောင်း ပြန်လည်ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG