သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်တိုင်းဆောင်းပါးရေးသူ ဖော်ထုတ်ပေးဖို့ Trump တောင်းဆို


New York Times သတင်းစာကြီးမှာ ဆောင်းပါးရေးသားခဲ့တဲ့ အမည်မဖော်လိုသူ အမေရိကန်အစိုးရ အရာရှိဟာ သူမဟုတ်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီး Mike Pompeo က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ ဆောင်းပါးမှာတော့ သမ္မတ Donald Trump ရဲ့ အသေးအဖွဲကိစ္စတွေနဲ့ ထိရောက်မှု မရှိတဲ့ ဦးဆောင်မှုကြောင့် အောင်မြင်မှုမရှိတဲ့အကြောင်း ရေးသားထားတာပါ။

ဆောင်းပါးမှာ ရေးသားဖော်ပြချက်တွေဟာ ဝမ်းနည်းစရာဖြစ်ရသလို၊ အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို သေးသိမ်အောင် မီဒီယာက ကြိုးပမ်းမှုတခုအဖြစ် အကြီးအကျယ် စိတ်အနှောက်အယှက် ဖြစ်ရကြောင်းလည်း အိန္ဒိယနိုင်ငံခရီးစဉ်မှာ ဝန်ကြီး Pompeo ကပြောဆိုခဲ့ပါတယ်။

New York Times သတင်းစာ ကတော့ ဆောင်းပါးရှင်ဟာ အစိုးရအဆင့်မြင့်အရာရှိတဦးဖြစ်ပြီး၊ အလုပ်ကို ထိခိုက်နိုင်တဲ့အတွက် အမည်မဖော်တာဖြစ်ကြောင်း ပြောဆိုထားတာပါ။ အမည်မဖော်လိုသူ အရာရှိရဲ့ သဘောထားအမြင် ဆောင်းပါးမှာတော့ သမ္မတ Trump ရဲ့ အဆိုးဆုံး အလျင်စလို တုံ့ပြန်ဆောင်ရွက်တဲ့ လုပ်ရပ်တွေကို ဝန်ထမ်းတွေက မကြာခဏတားခဲ့ရကြောင်းလည်း ရေးသားထားပါတယ်။

မနေ့တုန်းက ဆောင်းပါး ဖော်ပြခဲ့ပြီးနောက်မှာပဲ သမ္မတ Trump ကတော့ Twitter လူမှုကွန်ယက်ကနေ ဆက်တိုက်ဆိုသလို တုံ့ပြန်ခဲ့သလို၊ ဆောင်းပါးရှင်ကို အရေးယူနိုင်အောင် သတင်းစာက ဖော်ထုတ်ပြောဆိုဖို့လည်း တောင်းဆိုခဲ့တာပါ။

အဆင့်မြင့် အစိုးရအရာရှိဆိုသူဟာ တကယ်ရှိတဲ့သူတယောက် ဟုတ်ရဲ့လား၊ ဒါမှမဟုတ် ကျဆုံးမှုတွေကြုံနေရတဲ့ New York Times သတင်းစာက လုပ်ကြံဖန်တီးထားတဲ့ သတင်းရင်းမြစ်တခုလား ဆိုပြီးတော့လည်း မေးခွန်းထုတ်ခဲ့တာပါ။

သတ္တိမရှိတဲ့ အမည်မဖော်လိုသူလို့ဆိုသူom တကယ်ရှိခဲ့တယ်ဆိုရင်လည်း အမျိုးသားလုံခြုံရေးအတွက် ဒီလူကိုအစိုးရထံ ချက်ခြင်းအပ်ဖို့လည်း တောင်းဆိုခဲ့ပါတယ်။ Twitter ကနေ သစ္စာဖောက်ဆိုပြီး စကားလုံးတလုံးတည်းနဲ့ မှတ်ချက်ပေးခဲ့ပြီး နောက်မှာပဲ သမ္မတက အမည်မဖော်လိုသူကို ဖော်ထုတ်ပေးဖို့ တောင်းဆိုလိုက်တာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG