သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Obama နဲ့ Trump ကျူးဘားမူဝါဒ ကွဲလွဲ


ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်သွားတဲ့ အတွက် ကျူးဘားပြည် သူတွေ ဝမ်းနည်းမှုအထိမ်းအမှတ် စုဝေးနေကြစဉ် (နိုဝင်ဘာလ ၂၆ ရက် ၂၀၁၆)
ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်သွားတဲ့ အတွက် ကျူးဘားပြည် သူတွေ ဝမ်းနည်းမှုအထိမ်းအမှတ် စုဝေးနေကြစဉ် (နိုဝင်ဘာလ ၂၆ ရက် ၂၀၁၆)

ကျူးဘားခေါင်းဆောင် Fidel Castro ကွယ်လွန်သွားတဲ့ အတွက် ကျူးဘားပြည် သူတွေနဲ့ ထပ်တူ ဝမ်းနဲကျေကွဲရကြောင်းနဲ့ကျူးဘား အမေရိကန် ၂ နိုင်ငံ ပုံမှန် ဆက်ဆံရေး ရဖို့ သူ့အနေနဲ့ ဆက်လက်ကျိုးပမ်းသွားမှာ ဖြစ်ကြောင်း ကျူးဘားပြည် သူတွေကို အမေရိကန် သမ္မတ Barack Obama က ပြောကြားခဲ့ပါတယ်။

Fidel Castro ရဲ့ မိသားစုနဲ့ ထပ်တူဝမ်းနဲမိကြောင်းနဲ့ ကျူးဘားပြည်သူတွေအတွက် ဆုတောင်းပေးနေကြောင်း သမ္မတ အိုဘားမားက ကြေညာချက် ထုတ်ပြန်ပြောဆို ခဲ့ပြီး ရှေ့ဆက်ရမယ့် ခရီးအတွက် ကျူးဘားပြည်သူတွေ အနေနဲ့ အမေရိ ကန်ပြည်ထောင်စုဟာ သူတို့ရဲ့ မိတ်ဆွေလည်းဖြစ် လုပ်ဖေါ်ကိုင်ဖက် လည်း ဖြစ်ကြောင်း သိထားစေလိုတယ်လို့ ပန်ကြားခဲ့ပါတယ်။

ကျူးဘားနဲ့ အမေရိကန်နိုင်ငံ ၂ နိုင်ငံစလုံးမှာ နေထိုင်ကြတဲ့ ကျူးဘားပြည်သူတွေ အနေနဲ့ သဘောထား အမျိုးမျိုး ရှိပေမယ့်လည်း ကျူးဘား ပြည်သူတွေ အပေါ် နားလည်မှု ရှိတဲ့အနေနဲ့ မစ္စတာ Castro နဲ့ ပါတ်သက်ပြီး သမ္မတ အိုဘားမားက တခြား နိုင်ငံ့ခေါင်းဆောင်တွေလို အဆိုးအကောင်း ဘာမှ မဝေဖန်ပဲ သမိုင်းက အဆုံးအဖြတ်ပေးလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

သူ့သမ္မတ သက်တမ်းအတွင်း အတိတ်ကို နောက်ချန်ထားပြီး ၂ နိုင်ငံ မတူညီမှုတွေ ထက် အိမ်နီးချင်းနိုင်ငံတွေကြား မိသားစု၊ ယဉ်ကျေးမှု၊ စီးပွါးရေးနဲ့ လူသားချင်းစာနာ မှု ဆိုင်ရာတွေမှာ မျှဝေပြီး အနာဂါတ် အတွက်ရည်မျှော်လုပ်ဆောင်ခဲ့တယ်လို့လည်း သမ္မတ အိုဘားမားက ပြောကြားခဲ့တာပါ။

ရွေးကောက်ခံ သမ္မတ Donald Trump ကတော့ အမေရိကန်နဲ့ ကျူးဘား အစိုးရ တို့ကြား ပုံမှန် ဆက်ဆံရေး ပြန်ရဖို့ သမ္မတ အိုဘားမားရဲ့ ကျိုးပမ်းမှုတွေအတွက် အစဉ်တစိုက် ဝေဖန်ခဲ့သူ ဖြစ်ပြီး ကျူးဘားအရေးနဲ့ ပါတ်သက်ပြီး အိုဘားမားရဲ့ သမ္မတအာဏာသုံး လုပ်ဆောင်မှုတွေ အားလုံးကို ပြန်လည် ရုတ်သိမ်းမယ် လို့ ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။

ရွေးကောက်ပွဲမဲဆွယ်မှုတွေ လုပ်နေတဲ့ စက်တင်ဘာလ ထဲမှာတော့ သူသာ သမ္မတ ဖြစ်ခဲ့ရင် ကျူးဘားပြည်သူတွေ ဘက်က ရပ်တည်ပြီးကွန်မြူနစ်ဖိနှိပ်မှုတွေကို တွန်းလှန်ဆန့်ကျင်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တာပါ။

Obama နဲ့ Trump ကျူးဘားမူဝါဒ ကွဲလွဲ
please wait

No media source currently available

0:00 0:01:23 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG