သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်သေနတ်ဒင် (Bump Stocks) ပိတ်ပင်ဖို့ Trump ထောက်ခံ


သမ္မတ Trump က အင်္ဂါနေ့ သမ္မတအိမ်ဖြူမှာကျင်းပတဲ့ ပွဲမှာ မိန့်ခွန်းပြောကြားနေစဉ်- ဖေဖေါ်ဝါရီလ ၂၀ ၂၀၁၈။
သမ္မတ Trump က အင်္ဂါနေ့ သမ္မတအိမ်ဖြူမှာကျင်းပတဲ့ ပွဲမှာ မိန့်ခွန်းပြောကြားနေစဉ်- ဖေဖေါ်ဝါရီလ ၂၀ ၂၀၁၈။

Las Vegas မှာ ပြီးခဲ့တဲ့ အောက်တိုဘာက လူ ၅၀ ကျော်သေဆုံးအောင် ပစ်ခတ်ခဲ့သူသေနတ်သမား အသုံးပြုခဲ့တဲ့ စက်သေနတ်ဒင်လို ကရိယာမျိုး ရောင်းချမှု တားမြစ်ရေး စည်းမျဉ်းစည်းကမ်းတွေ ရေးဆွဲဖို့အတွက် သမ္မတ Donald Trump က တရားရေးဌာနကို အမိန့်ပေးလိုက်ပါတယ်။

လက်နက်တွေကို စက်သေနတ်လို ပြောင်းပြီး သုံးနိုင်တဲ့ ကရိယာအားလုံးကို ရှေ့နေချုပ်အနေနဲ့ တားမြစ်ပိတ်ပင်ဖို့ သူလိုလားကြောင်း သမ္မတ Trump က အင်္ဂါနေ့ သမ္မတအိမ်ဖြူမှာကျင်းပတဲ့ ပွဲမှာ ပြောကြားခဲ့ပါတယ်။

ဒါဟာ ဖလော်ရီဒါ Parkland မြို့က အထက်တန်းကျောင်းမှာ ပြီးခဲ့တဲ့ သီတင်းပတ်က အသက် ၁၉ နှစ်အရွယ် Nikolas Cruz က လူပေါင်း ၁၇ ဦးကို ပစ်သတ်တယ်လို့ စွပ်စွဲခံရချိန်က စပြီး လက်နက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ပတ်သက်ပြီးလုပ်ဆောင်ဖို့ သမ္မတအိမ်ဖြူက ပထမဆုံး အရိပ်လက္ခဏာ ပြလာတာ ဖြစ်ပါတယ်။

အင်္ဂါနေ့မတိုင်ခင်အချိန်အထိ သမ္မတ Trump ဟာ ကျောင်းတွေမှာ လုံခြုံရေးတိုးမြှင့်ဖို့နဲ့ စိတ်မကျန်းမာမှု ဆိုင်ရာကို အလေးပေး တိုက်ဖျက်ဖို့ ပဲ ဦးတည်ပြောကြားခဲ့တာ ဖြစ်ပါတယ်။

Las Vegas သေနတ်သမားဟာ စက်သေနတ်ဒင်ကို အော်တိုမက်တစ် ရိုင်ဖယ်သေနတ်မှာ တပ်ဆင်ပြီး ပစ်ခတ်ခဲ့တဲ့အတွက် အချိန်တိုလေး အတွင်းမှာ ကျည်ဆံအများအပြား ပစ်ခတ်နိုင်ခဲ့တာပါ။

အခုလို သေနတ်ပစ်ခတ်မှုဆိုင်ရာ သမ္မတ Trump မကြေညာခင် အချိန်တုန်းက သေနတ်ပစ်ခတ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး သမ္မတရဲ့ အစီအစဉ်ကို သတင်းထောက်တွေက မေးမြန်းရာမှာ သမ္မတအိမ်ဖြူပြောခွင့်ရ Sarah Huckabee Sanders က လုပ်နိုင်ခြေ နည်းလမ်း အားလုံးအတွက် လမ်းဖွင့်ထားကြောင်း ဖြေကြားခဲ့ပါတယ်။

စက်သေနတ်ဒင် (Bump Stocks) ပိတ်ပင်ဖို့ Trump ထောက်ခံ
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG