သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်က အလိုရှိသူကို ပါကစ္စတန်က လွှဲပြောင်းပေးအပ် 


ISIS flag
ISIS flag

၂၀၂၁ ခုနှစ် ဩဂုတ်လတုန်းက အာဖဂန်နစ္စတန်မှာ အမေရိကန်စစ်သား ၁၃ ဦးသေဆုံးခဲ့ရတဲ့ ဗုံးခွဲမှုမှာ ဦးဆောင်သူလို့ ယူဆရသူကို ဗာဂျီးနီးယားပြည်နယ်က အရှေ့ပိုင်း ခရိုင် ဖက်ဒရယ်တရားရုံးမှာ ဗုဒ္ဓဟူးနေ့ ရုံးထုတ်ဖို့ စီစဥ်ထားတယ်လို့ အမေရိကန်တရားရေးဌာနက ပြောပါတယ်။

“လူသေဆုံးစေတဲ့ နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းတခုကို ပစ္စည်းအကူအညီနဲ့ အရင်းအမြစ်တွေ ပံ့ပိုးပေးမှု” နဲ့ IS အစ္စလာမ်မစ် ခိုရာဆန် အဖွဲ့ဝင် မိုဟာမက် ရှာရစ်ဖူလာ ခေါ် ဂျာဖာ ကို မတ်လ ၂ ရက်က စွဲချက်တင်ခဲ့တယ်လို့ ဆိုပါတယ်။

သမ္မတ ဒေါ်နယ် ထရမ့်ရဲ့ အင်္ဂါနေ့ညက ကွန်ဂရက်စ်လွှတ်တော် မိန့်ခွန်းထဲမှာ ရှာရစ်ဖူလာကို ဖမ်းမိခဲ့တဲ့ သတင်းကို ထုတ်ဖော် ပြောကြားခဲ့တာပါ။

“ရက်စက် အကြမ်းဖက်မှုအတွက် တာဝန်ရှိတဲ့ ထိပ်တန်းအကြမ်းဖက်သမားကို ဖမ်းဆီးနိုင်ခဲ့ကြောင်းနဲ့ တရားမျှတတဲ့ အမေရိကန် တရားဥပဒေနဲ့ သူ့ကို စစ်ဆေး စီရင်သွားမယ်လို့ ” ထရမ့်က မိန့်ခွန်းထဲမှာ ပြောပါတယ်။ ဒါ့အပြင် “ဖမ်းဆီးဖို့ ကူညီပေးခဲ့တဲ့ ပါကစ္စတန်အစိုးရကိုလည်း ကျေးဇူးတင်” ကြောင်း ပြောပါတယ်။

သူ့ကို ဖမ်းဆီးနိုင်ဖို့ အမေရိကန် ပြည်ထောင်စုဗဟိုထောက်လှမ်းရေးအဖွဲ့ (CIA) နဲ့ ဖက်ဒရယ် စုံစမ်းစစ် ဆေးရေးဗျူရို (FBI) အပါအဝင် အစိုးရ အဖွဲ့အများအပြား ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ်လ ၂၆ ရက်က ကဘူးလ်ရှိ ဟာမစ် ကာဇိုင်း အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးခွဲမှုမှာ အမေရိကန် စစ်သားတွေ အပြင် အာဖဂန်လူမျိုး ၁၇၀ ဝန်းကျင်လည်း သေဆုံးခဲ့ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာသူတို့ လက်ချက် ဖြစ်ကြောင်း အမေရိကန်က နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်း အဖြစ် သတ်မှတ်ထားတဲ့ အစ္စလာမ်မစ် ခိုရာဆန် အဖွဲ့က ထုတ်ဖော် ပြောဆိုထားပါတယ်။ အစ္စလာမ်မစ် ခိုရာဆန် အဖွဲ့ဟာ IS အစ္စလာမ်မစ် အဖွဲ့နဲ့လည်း ဆက်နွှယ်နေပါတယ်။

အမေရိကန်က အလိုရှိသူကို ပါကစ္စတန်က လွှဲပြောင်းပေးအပ်
please wait

No media source currently available

0:00 0:01:15 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG