သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် အပေါ် ဒဏ်ခတ်မှုသစ်တွေ သမ္မတ Trump ကြေညာမည်


အမေရိကန်သမ္မတ Donald Trump ။
အမေရိကန်သမ္မတ Donald Trump ။

အီရန်ရဲ့ နျူကလီယားလက်နက် လုပ်ဆောင်မှုတွေ စွန့်လွှတ်ဖို့ တွန်းအားပေးတဲ့ အနေနဲ့ ဒဏ်ခတ်မှုတွေရပ်ဆိုင်းထားရာကနေ အမေရိကန်သမ္မတ Donald Trump က လာမယ့် နာရီပိုင်း အတွင်းမှာပဲ အီရန်အပေါ် အရေးယူဒဏ်ခတ်မှုတွေ တိုးမြှင့် ချထားတော့မယ်လို့ သတင်းတွေမှာ ဖေါ်ပြနေကြပါတယ်။

သမ္မတက အီရန်အရေးနဲ့ပတ်သက်ပြီး သူ့ရဲ့ နိုင်ငံတော်လုံခြုံရေးအဖွဲ့နဲ့ ကြာသပတေးနေ့ ညနေမှာ တွေ့ဆုံမေးမြန်းနေတာ ဖြစ်ပါတယ်။ ဥပဒေကြောင်းအရ ဆိုရင်တော့ အီရန်ဟာ နိုင်ငံတကာနဲ့ သဘောတူ လက်မှတ်ရေးထိုးထားတဲ့ ၂၀၁၅ သဘောတူညီချက်ကို လိုက်နာ ခြင်းရှိမရှိ ရက်ပေါင်း ၉၀ တိုင်းမှာ အတည်ပြုပေးရတာ ဖြစ်ပြီး သောကြာနေ့ဟာ ရက် ၉၀ ပြည့်တဲ့ နေ့ဖြစ်ပါတယ်။

JCPOA ခေါ် ပူးတွဲဆောင်ရွက်ရေး ဆိုင်ရာအလုံစုံပါဝင်တဲ့ အစီစဉ်လို့ သိကြတဲ့ ၂၀၁၅ သဘောတူညီချက်ရဲ့ အနှစ်သာရ နဲ့အညီ အီရန်ဘက်က လုပ်ဆောင်ဖို့ ပျက်ကွက် ခဲ့တယ်လို့ သမ္မတ Trump က အောက်တိုဘာလတုန်းက ပြောကြားခဲ့ပေမယ့် အရင်က အီရန်ရဲ့ စွမ်းအင်လုပ်ငန်းအပေါ် ချမှတ်ထားတဲ့ ပြင်းထန်တဲ့ အရေးယူမှုတွေကို ပြန်လည်ချမှတ်ဖို့ မလုပ်ခဲ့ပါဘူး။

သမ္မတ Trump ရဲ့ ဆုံးဖြတ်ချက် အတွက် ပြည်ပရောက် အဖွဲ့တွေနဲ့ လူ့အခွင့်ရေး လှုပ်ရှားသူတွေက စိတ်ပျက်ခဲ့ကြတာ ဖြစ်ပြီး အီရန်မြို့ကြီး အတော်များများမှာ အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွေကို ခိုင်ခိုင်မာမာ ထောက်ခံကြောင်း ပြောနေတဲ့ အမေရိကန် ဘက်က ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်မယ်လို့ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးဝန်ကြီး Steve Mnuchin ကတော့ သမ္မတ Trump ရဲ့ လုပ်ဆောင်မှုဟာ အီရန် အာဏာရှင် အလေးထားရမယ့် လုပ်ဆောင်မှု မျိုး ဖြစ်နိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG