ဂျာမနီနိုင်ငံ၊ Hamburg မြို့မှာ ကျင်းပမယ့် G20 စီးပွားအင်အားကြီး နိုင်ငံ ၂၀ ရဲ့ ထိပ်သီးညီလာခံကို တက်ရောက်ဖို့အတွက် ဥရောပတိုက်ကို ၄ ရက်ကြာ ခရီးစဉ်အဖြစ် ဗုဒ္ဓဟူးနေ့ ဝါရှင်တန်က ထွက်ခွာသွားတဲ့ သမ္မတ Donald Trump ဟာ ပထမ ခရီးတထောက်အဖြစ်နဲ့ ပိုလန်နိုင်ငံ၊ ဝါဆောမြို့ကို ရောက်ရှိခဲ့ပါတယ်။ တိုင်းပြည်တွေကို အကြမ်းဖက်ဝါဒအန္တရာယ်က ကာကွယ်ဖို့ သာမက၊ မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့လည်း လိုအပ်တဲ့အကြောင်း ပိုလန်သမ္မတနဲ့ ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။