သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲ ရုရှားဝင်ရှုပ်မရှုပ် ထရမ့် မေးမည်


အမေရိကန်သမ္မတ Donald Trump က ၂၀၁၆ ရွေးကောက်ပွဲကာလမှာ ရုရှားတွေ အနေနဲ့ ၀င်ရောက် နှောင့်ယှက် ခဲ့လေသလားဆိုတာနဲ့ ပတ်သက်ပြီး ရုရှားသမ္မတ Vladimir Putin ကို မေးမြန်းသွားမှာဖြစ်တယ်လို့ သောကြာနေ့ကပြောပါတယ်။

ရွေးကောက်ပွဲရလာဒ်တွေ သူတို့လိုချင်သလိုပုံစံမျိုးဖြစ်လာအောင် ဆောင်ရွက်ခဲ့တယ် ဆိုတဲ့စွပ်စွဲချက်နဲ့ ရုရှား အပေါ် အမေရိကန်ပြည်ထောင်စု စုံးစမ်းစစ်ဆေးရေးမှူးတွေက စုံစမ်းစစ်ဆေးနေတာအပေါ် ဒါဟာ အောက် လမ်းနည်းနဲ့ တိုက်ခိုက်တာမျိုးဖြစ်တယ်လို့ ထရမ့်က တောက်လျှောက် ပုတ်ခတ်ပြောဆိုလာတာပါ။ ဒီလိုလုပ်ဆောင်နေတာကြောင့် နိုင်ငံကို ထိခိုက်နစ်နာနေပြီး ရုရှားနဲ့ ဆက်ဆံရေးအပေါ်လည်း ဆိုးကျိုးတွေ သက်ရောက်စေတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May နဲ့ တွေ့ဆုံဆွေးနွေးအပြီး ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထရမ့်က ပြောကြားခဲ့ပါတယ်။

ရုရှားသမ္မတ ပူတင်နဲ့ အလွန်ကောင်းမွန်တဲ့ ဆက်ဆံရေးမျိုး ရရှိလိမ့်မယ်လို့ ထင်ကြောင်း လည်း သူက ပြောပါ တယ်။ မနက်ဖန်တနင်္ဂနွေနေ့မှာတော့ ရုရှားသမ္မတပူတင်နဲ့ တွေ့ဆုံ ဖို့ ဖင်လန်နိုင်ငံကို သွားရောက်မှာ ပါ။၃ ရက် ကြာ ခရီးစဉ်အဖြစ် ဗြိတိန်နိုင်ငံကို ရောက်နေတဲ့ သမ္မတ ထရမ့်ဟာ ဒီကနေ့မှာတော့ စကော့တလန်ကို ရောက်ရှိနေပြီး အဲဒီမှာ သူ့ကို ဆန့်ကျင်သူတွေက ကန့်ကွက်ဆန္ဒပြနေကြပါတယ်။

တချိန်တည်းမှာပဲ ဒီမို ကရက်တစ်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဟီလာရီ ကလင် တန်ရဲ့ အီးမေးဆာဗာထဲကို ဖေါက်ထွင်း မ၀င်ရောက်နိုင်အောင် ရုရှားထောက်လှမ်းရေး တွေကို တားဆီးနိုင်ခဲ့ခြင်းမရှိဘူးဆိုပြီး အရင်သမ္မတ Barack Obama ကို တွိတာကနေ ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG