သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ရုရုားသမ္မတ ၂ ယောက်တွေ့နိုင်ဖို့ ရုရှား စတင်ပြင်ဆင်

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin (Archivo AFP)
အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin (Archivo AFP)

အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာ့ရေးရာတွေကို ခေါင်းဆောင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြနိုင်တယ်လို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ရုရှအစိုးရသတင်းမီဒီယာကို ဒီနေ့ပြောကြားခဲ့ပါတယ်။

ပြင်ဆင်မှုတွေလုပ်နေတာ အစောပိုင်းအဆင့်မှာသာ ရှိသေးပြီး ထိပ်သီးဆွေးနွေးပွဲဖြစ်ဖို့ အသေးစိတ်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ထိပ်တန်းအရာရှိတွေကြား နောက်ထပ်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ဖို့ အမေရိကန်နဲ့ ရုရှား သံတမန်တွေ လာမယ့် သီတင်း ၂ ပတ်အတွင်း တွေ့ဆုံနိုင်တယ်လို့လည်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။

ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးနဲ့ အမေရိကန်နဲ့ ရုရှားကြား သံတမန်ဆက်ဆံရေး၊ စီးပွားဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ Saudi Arabia နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

This item is part of

Forum

XS
SM
MD
LG