အမေရိကန်သမ္မတ Donald Trump နဲ့ ရုရှားသမ္မတ Vladimir Putin တို့ မျက်နှာချင်းဆိုင် တွေ့ဆုံဖို့ ပြင်ဆင်မှုတွေ စလုပ်နေပြီလို့ ရုရှားဘက်က ပြောလိုက်ပါတယ်။ ယူကရိန်းစစ်ပွဲအပါအဝင် ကမ္ဘာ့ရေးရာတွေကို ခေါင်းဆောင်တွေ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြနိုင်တယ်လို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး Sergei Ryabkov က ရုရှအစိုးရသတင်းမီဒီယာကို ဒီနေ့ပြောကြားခဲ့ပါတယ်။
ပြင်ဆင်မှုတွေလုပ်နေတာ အစောပိုင်းအဆင့်မှာသာ ရှိသေးပြီး ထိပ်သီးဆွေးနွေးပွဲဖြစ်ဖို့ အသေးစိတ်ပြင်ဆင်ဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ ထိပ်တန်းအရာရှိတွေကြား နောက်ထပ်ဆွေးနွေးမှုတွေ ဖြစ်လာနိုင်ဖို့ အမေရိကန်နဲ့ ရုရှား သံတမန်တွေ လာမယ့် သီတင်း ၂ ပတ်အတွင်း တွေ့ဆုံနိုင်တယ်လို့လည်း ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ယူကရိန်းစစ်ပွဲ အဆုံးသတ်နိုင်ရေးနဲ့ အမေရိကန်နဲ့ ရုရှားကြား သံတမန်ဆက်ဆံရေး၊ စီးပွားဆက်ဆံရေး ပြန်လည်တည်ဆောက်နိုင်ဖို့ ၂ နိုင်ငံ ကိုယ်စားလှယ်တွေ Saudi Arabia နိုင်ငံမှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
Forum