သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

အိမ်ဖြူတော်မှာ ရုရှားသမ္မတနဲ့တွေ့ဆုံဖို့ သမ္မတ Trump ကမ်းလှမ်း


၂၀၁၇ ဇူလိုင် G20 အစည်းအဝေးတွင် ရုရှားသမ္မတနှင့် သမ္မတ Trump တွေ့စဉ်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပနိုင်တဲ့ နေရာ အဖြစ် အိမ်ဖြူတော်ကို အမေရိကန် သမ္မတ Donald Trump ဘက်က အဆိုပြုထားကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders က ပြောဆိုပါတယ်။ ခေါင်းဆောင် ၂ ဦးကြား မတ်လ ၂၀ ရက် က တယ်လီဖုန်း ဆက်သွယ်မှုမှာ အခုလို အဆိုပြုခဲ့တာပါ။ ဒီတယ်လီဖုန်း ဆက်သွယ်မှု နောက်ပိုင်းမှာတော့ သမ္မတ Trump က ရုရှား ခေါင်းဆောင် Putin နဲ့ သိပ်မကြာခင် ကာလမှာ တွေ့ဆုံနိုင်ဖို့ မျှော်လင့်ကြောင်း ပြောဆိုခဲ့တာပါ။

အိမ်ဖြူတော် ပြောခွင့်ရ Sarah Sanders က မပြောဘဲ လောလောဆယ် အသေးစိတ် ပြောဖို့တော့ မရှိသေးဘူးလို့ မနေ့ တနလာင်္နေ့က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။ အမေရိကန် သမ္မတ အိမ်ဖြူတော်မှာ ရုရှား သမ္မတ ပူတင်နဲ့ ဆွေးနွေးဖို့ဆိုတဲ့ အစီအစဉ်ကို အမေရိကန် သမ္မတ Trump ဘက်က အဆိုပြုခဲ့တာလို့ ရုရှားသမ္မတ နန်းတော် ကရင်မလင် ပြောခွင့်ရ Yuri Usahkov က ပြောပါတယ်။

သမ္မတ Trump ရဲ့ သမ္မတ ရွေးကောက်ပွဲ စည်းရုံးရေး အဖွဲ့နဲ့ ရုရှားကြား ပတ်သက်ဆက်နွယ်မှု ဖြစ်နိုင်ခြေတွေကို အထူးစုံစမ်းရေးမှူးက စစ်ဆေးနေတာနဲ့ အတူ အမေရိကန် သမ္မတ Trump အနေနဲ့ကတော့ အနီးကပ် စောင့်ကြည့်ခံနေရတာ ဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ သမ္မတ Trump အနိုင်ရရေး လှုပ်ရှားမှုကို ရုရှား သမ္မတ ပူတင်က ညွှန်ကြားခဲ့တယ်လို့ အမေရိကန် ထောက်လှမ်းရေး အသိုင်းအ၀ိုင်းက ကောက်ချက် ချထားတာ ဖြစ်ပါတယ်။

သမ္မတ Trump ဘက်ကတော့ ရုရှားနဲ့ သူ့ရဲ့ စည်းရုံးရေး အဖွဲ့ကြား ပေါင်းကြံခဲ့တာ မရှိဘူးလို့ ပြောဆိုထားတာပါ။ အမေရိကန်နဲ့ ရုရှား ခေါင်းဆောင်နှစ်ဦးကြား မတ်လ ၂၀ ရက်နေ့ တယ်လီဖုန်းဆက်သွယ် ပြောဆိုမှု နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံရေးမှာ ပိုပြီး ရှုပ်ထွေးနေတာပါ။ ဗြိတိန်နိုင်ငံမှာ ရုရှား သူလျှိုဟောင်း အဆိပ်ခတ်ခံရမှုကို တုံ့ပြန်တဲ့ အနေနဲ့ အမေရိကန်က ရုရှား ကောင်စစ်ဝန်ရုံးတခုကို ပိတ်ပစ်ပြီး ရုရှား သံတမန် ၆၀ ကို နိုင်ငံတွင်းက ထွက်သွားဖို့ အမေရိကန်က အမိန့်ထုတ်ခဲ့ပါတယ်။ ရုရှားဘက်ကလည်း အမေရိကန် ကောင်စစ်ဝန်ရုံး တခုကို ပိတ်ပြီး အမေရိကန် သံတမန်တွေကို နိုင်ငံတွင်းက ထွက်ခွာသွားဖို့ တုံ့ပြန် ဆောင်ရွက်ခဲ့ပါတယ်။

အိမ်ဖြူတော်မှာ ရုရှားသမ္မတနဲ့တွေ့ဆုံဖို့ သမ္မတ Trump ကမ်းလှမ်း
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG