သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထောက်လှမ်းရေးအကြီးအကဲသစ်အဖြစ် သူ့အပေါ်သစ္စာရှိသူ ကို Trump လျာထား


အမေရိကန်သမ္မတ Donald Trump က နောက်အသစ် ခန့်အပ်မယ့် အမျိုးသားထောက်လှမ်းရေး အကြီးအကဲဟာ ပြီးခဲ့တဲ့ သီတင်းပတ်က လွှတ်တော် ကြားနာပွဲ အတွင်း အထူးစုံစမ်းစစ်ဆေးရေးမှုူးဟောင်း Robert Mueller အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး သမ္မတ အပေါ် အပြည့်အဝ ထောက်ခံသူ တဦး ဖြစ်ပါတယ်။

Texas ပြည်နယ်က တတိယအကြိမ်မြောက် အောက်လွှတ်တော် အမတ်အဖြစ် တာဝန်ထမ်းဆောင်နေသူ John Ratcliffe က တနင်္ဂနွေနေ့က နှုတ်ထွက်စာ တင်ခဲ့တဲ့ အမျိုးသားထောက်လှမ်းရေး အကြီးအကဲ Dan Coats ရဲ့ နေရာမှာ အစားထိုးဖို့ သမ္မတက အမည်တင်သွင်း ခြင်းအတွက် အထူးကျေးဇူး တင်ရှိကြောင်းနဲ့ အခုလို ဒီရာထူးမှာ ထမ်းဆောင်ဖို့ သမ္မတရဲ့ တောင်းဆိုချက်ကို သူ့အနေနဲ့ ငြင်းပယ်လို့ မရနိုင်ကြောင်း သူ့တွစ်တာမှာ ရေးသားခဲ့ပါတယ်။

Ratcliffe ဟာ ၂၀၁၄ ခုနှစ်က အောက်လွှတ်တော် အမတ်အဖြစ်အရွေးချယ် ခံခဲ့ရပြီး အောက်လွှတ်တော် ထောက်လှမ်းရေးနဲ့ တရားရေး ကော်မတီတို့မှာ အရေးကြီးတဲ့ ရာထူးတွေကို ကိုင်ထားတာ ဖြစ်ပါတယ်။ နိုင်ငံတော် တရားရုံးချုပ် တရားသူကြီး အဖြစ် Brett Kavanaugh ကို အမည်တင်သွင်းမှုက အစ သမ္မတရဲ့ ပြင်းထန်တဲ့ လူဝင်မှု ကြီးကြပ်ရေး မူဝါဒ အဆုံး သမ္မတ Trump ကို အရာရာမှာ ထောက်ခံခဲ့ပြီး ဈေးနှုန်း သက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းဖို့ ထောက်ခံမဲ ပေးခဲ့သူ ဖြစ်ပါတယ်။

သမ္မတ Trump ရာထူးလက်ခံခဲ့ချိန်က စလို့ သမ္မတရဲ့ မူဝါဒတွေနဲ့ ပတ်သက်ပြီး ၉၂ % နီးပါး သဘောတူ မဲပေးခဲ့သူလည်း ဖြစ်ပါတယ်။ Ratcliffe ဟာ အစိုးရရှေ့နေ အဖြစ် လုပ်ကိုင်ခဲ့ပြီး Texas ပြည်နယ် Heath မြို့တော်ဝန် အဖြစ်လည်း ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG