သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုဖို့ ရွေးကောက်ခံသမ္မတထရမ့် ဝါရှင်တန်ရောက်ရှိ


ရွေးကောက်ခံသမ္မတ Donald Trump နှင့် First Lady Melania Trump တို့ ဇန်နဝါရီလ ၁၈ ရက်မှာ Dulles လေဆိပ်သို့ ရောက်ရှိ (ဓာတ်ပုံ – အဲလက်စ် ဘရန်ဒန်)
ရွေးကောက်ခံသမ္မတ Donald Trump နှင့် First Lady Melania Trump တို့ ဇန်နဝါရီလ ၁၈ ရက်မှာ Dulles လေဆိပ်သို့ ရောက်ရှိ (ဓာတ်ပုံ – အဲလက်စ် ဘရန်ဒန်)

ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ဟာ သူရဲ့ ဒုတိယအကြိမ် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲမတိုင်ခင် မနေ့ စနေနေ့ကတော့ မိသားစုဝင်တွေ အပါအဝင် သူ့ကို ထောက်ခံသူတွေနဲ့ နိုင်ငံရေးမဟာမိတ်တွေနဲ့အတူ ဝါရှင်တန်ဒီစီမြို့တော်မှာ အောင်ပွဲခံခဲ့ပါတယ်။ ဒါဟာ ဒေါ်နယ်ထရမ့်အတွက်တော့ လွန်ခဲ့တဲ့ ၄ နှစ်က ရွေးကောက်ပွဲရှုံးပြီး၊ သူ့ကိုထောက်ခံသူတွေ လွှတ်တော်ကို တိုက်ခိုက်ပြီးတဲ့နောက် ဝါရှင်တန်ကို အောင်ပွဲနဲ့ပြန်လာတာ ဖြစ်ပါတယ်။

ဝါရှင်တန်မြို့တော်ကနေ မိုင် ၃၀ ဝေးတဲ့ ဗာဂျီးနီးယားပြည်နယ် Sterling မှာရှိတဲ့ Trump National ဂေါက်ကလပ်မှာ စုဝေးပြီး မီးရှူးမီးပန်းတွေ တေးသီချင်းတွေနဲ့ အောင်ပွဲခံခဲ့ကြပါတယ်။

ဒီအခမ်းအနားကို တက်လာတဲ့သူတွေက ဒေါ်နယ်ထရမ့်က စကားပြောခဲ့ပြီး၊ ဗာဂျီးနီးယားပြည်နယ်အုပ်ချုပ်ရေးမှူး Glen Youngkin, Amazon ကုမ္ပဏီတည်ထောင်သူ Jeff Bezos နဲ့ သူ့ရဲ့ အရှေ့အလယ်ပိုင်းဒေသဆိုင်ရာသံတမန် Steve Witkoff တို့ကို နာမည်တွေ တပ်ပြီးတော့ အသိအမှတ်ပြု ချီးကျူးပြောဆိုသွားခဲ့ပြီး၊ Steve Witkoff ကိုတော့ ဒီနေ့ကစပြီး အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးကိစ္စ ဖြစ်လာအောင် ပြီးခဲ့တဲ့သီတင်းပတ်က စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့အတွက် တကယ်တော်တဲ့ စေ့စပ်ညှိနှိုင်းသူ ဖြစ်တယ်ဆိုပြီး ချီးကျူပြောဆိုခဲ့ပါတယ်။

မနက်ဖြန်ကျရင် ဝါရှင်တန်ဒီစီက အမေရိကန်လွှတ်တော် အနောက်ဘက်ခြမ်းမှာ ပြုလုပ်မယ့် သမ္မတကျမ်းသစ္စာ ကျိန်ဆိုပွဲကိုတော့ ရာသီဥတု အလွန်အေးမှာဖြစ်တဲ့အတွက် လွှတ်တော်အတွင်းမှာ ပြောင်းပြီးတော့ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါဟာ ၁၉၈၅ ခုနှစ်က သမ္မတ Ronald Reagan ရဲ့ ဒုတိယအကြိမ် သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကို အခုလိုပဲ ရာသီဥတုအရမ်းအေးလို့ လွှတ်တော်အတွင်းမှာ ပြောင်းရွှေ့ကျင်းပပြီးတဲ့နောက်၊ ပထမဆုံးအကြိမ်အဖြစ်နဲ့ လွှတ်တော်ထဲမှာ ကျင်းပမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG