သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump ဖြုတ်ချရေး ပြောဆိုခြင်းမရှိကြောင်း ဒု-ရှေ့နေချုပ် ငြင်းဆို


Trump Russia Probe
Trump Russia Probe

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ် ပြောဆိုတာတွေကို လျှို့ဝှက် အသံဖမ်းထားတယ်၊ ဒါမှမဟုတ် သမ္မတထရမ့်ပ်ဟာ တိုင်းပြည်ကို အုပ်ချုပ်ဖို့ အရည်အချင်းပြည့်စုံသူမဟုတ်ဘူး ဆိုတဲ့အချက်နဲ့ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် ၂၅ ကိုသုံးပြီး သမ္မတထရမ့်ပ် ကို ရာထူးကဖယ်ရှားဖို့ ဒုတိယရှေ့နေချုပ် Rod Rosenstein က ပြောဆိုဆွေးနွေးတာတွေ ရှိတယ်ဆိုပြီး The New York Times သတင်းစာမှာ ရေးသားဖော်ပြထားတာကို Rosenstein က ငြင်းလိုက်ပါတယ်။ “The New York Times မှာပါတဲ့သတင်းဟာ တိကျမှုမရှိသလို အချက်အလက်အရ မှန်ကန်မှုလည်းမရှိပါဘူး၊ သိသာထင်ရှားစွာ ပဲ တရားရေးဌာနကို ဆန့်ကျင်ဘက်လိုက်တဲ့၊ သူတို့ရဲ့ ပုဂ္ဂိုလ်ရေးအစီအစဉ် ဖြစ်မြောက်အောင်လုပ်တဲ့ အမည်မဖော်တဲ့ သတင်း ရင်းမြစ်တွေကို ကိုးကားပြီး ရေးသားထားတဲ့အပေါ် ကျနော့်အနေနဲ့ နောက်ထပ် မှတ်ချက်ပေးပြောဆိုမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျနော် ရှင်းရှင်းလင်းလင်းပဲ ပြောပါရစေ၊ သမ္မတနဲ့ ကျနော် ထိတွေ့ ဆက်ဆံ လုပ်ဆောင်ထားတာတွေအရ အခြေခံဥပဒေ ပြင်ဆင်ဖြည့်စွက်ချက် ၂၅ ကို အသုံးပြုလုပ်ဆောင်ဖို့ ဘယ်လိုအကြောင်းမှမရှိပါဘူး” လို့ သောကြာနေ့ ထုတ်ပြန်ချက်ထဲမှာ ဒုတိယရှေ့နေချုပ် Rosenstein ကပြောထားပါတယ်။ သမ္မတပြောတာကို အသံဖမ်းထားတယ်လို့ Rosenstein ကပြောတဲ့ အစည်းအဝေးခန်းထဲမှာ ရှိနေသူတဦးကတော့ အဲဒါဟာ နောက်ပြောင်ပြီးပြောတာသာဖြစ်တယ်လို့ ဗွီအိုအေကိုပြောပါတယ်။ “သမ္မတနဲ့ စကားပြောတာကို အသံဖမ်းထားမယ်ဆိုတဲ့ ရည်ရွယ်ချက်တခုခုနဲ့ ပြောဆိုဆွေးနွေးတာမျိုး ဘယ်တုန်းကမှ မရှိဖူးပါဘူး” လို့ အဲဒီသတင်းရင်းမြစ်က ဗွီအိုအေကိုပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG