သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ အရေးကြီးကိစ္စတွေ ဆွေးနွေးနိုင်ခဲ့ဟု ကန်သမ္မတ ကာကွယ်ပြောဆို


အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ကြားဝင်စွက်ဖက်မှု မရှိကြောင်း ရုရှားသမ္မတ Vladimir Putin ရဲ့ ငြင်းဆန်ပြောဆိုမှုကို လက်ခံကြောင်း ပြောဆိုခဲ့တာကို ပြင်ဆင်ပြောဆိုခဲ့ပြီး နောက်တရက်မှာပဲ အမေရိကန်သမ္မတ Donald Trump က ရုရှားသမ္မတနဲ့ ထိပ်သီးတွေ့ဆုံမှုကို ထပ်မံကာကွယ် ပြောဆိုလိုက်ပါတယ်။

ဖင်လန်နိုင်ငံ Helsinki မြို့က သတင်းစာရှင်းလင်းပွဲကို ၂ ဘက်ထောက်လှမ်းရေး အသိုင်းအဝန်းက အဆင့်မြင့် အရာရှိတွေ တော်တော်များများက သဘောကျနှစ်ခြိုက်ခဲ့ကြကြောင်းနဲ့ သတင်းစာရှင်းလင်းပွဲ မတိုင်ခင် ရုရှားသမ္မတနဲ့ ထိပ်သီးတွေ့ဆုံချိန်မှာလည်း အရေးကြီးတဲ့ အကြောင်းအရာ အများအပြားကို ဆွေးနွေးဖြစ်ခဲ့ကြောင်းလည်း ဒီနေ့ပဲ Twitter လူမှုကွန်ယက်မှာ သမ္မတ Trump ကပြောလိုက်တာပါ။

ထိပ်သီးတွေ့ဆုံမှုဟာ ချောချောမောမော ရှိခဲ့ပြီး၊ မသင့်မြတ်တာကို မြင်ချင်ကြတဲ့ သူတွေအတွက်တော့ စိတ်အနှောက်အယှက် ဖြစ်နိုင်ကြောင်းလည်းနဲ့ ရလဒ်ကောင်းတွေ ထွက်ပေါ်လာဖို့ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ဖင်လန်နိုင်ငံက သတင်းစာရှင်းလင်းပွဲအတွင်း ၂၀၁၆ အမေရိကန် သမ္မတရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်ခဲ့မှုအတွက် ရုရှားမှာ တာဝန်ရှိကြောင်း မပြောခဲ့တဲ့အတွက် အကြီးအကျယ် ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ၊ စကားလုံး အသုံးအနှုန်းမှားယွင်း ပြောဆိုမိတာပါဆိုပြီး အဖတ်ဆယ်ဖို့ ကြိုးပမ်းခဲ့ပြီး နောက်တနေ့မှာပဲ သမ္မတ Trump က Twitter ကနေ ထပ်မံပြောဆိုလိုက်တာပါ။

အမေရိကန် ရွေးကောက်ပွဲမှာ ကြားဝင်နှောက်ယှက်မှု မရှိကြောင်း ရုရှားသမ္မတရဲ့ ငြင်းဆန်ချက်နဲ့အတူ ရပ်တည်ပြောဆိုခဲ့ပြီးနောက်၊ အမေရိကန်သမ္မတ ရွေးကောက်ပွဲကို နှောက်ယှက်မှု မရှိကြောင်း ရုရှားသမ္မတရဲ့ ငြင်းဆန်ချက်ကို လက်ခံကြောင်း ဖန်လန်မှာ ပြောခဲ့တဲ့အတွက် သမ္မတရဲ့ ရီပတ်ဘလစ်ကန် ပါတီတွင်းကရော အတိုက်အခံ ဒီမိုကရက်တွေကပါ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် မနေ့တုန်းကတော့ သမ္မတ Trump က အမေရိကန် ထောက်လှမ်းရေး အသိုင်းအဝန်းက ရုရှားရဲ့ လက်ချက်အဖြစ် သုံးသပ်ချက်ကို သူ့အနေနဲ့ လက်ခံကြောင်း ပြင်ဆင်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG