သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲအနိုင်ရ ရုရှားသမ္မတကို ကန်သမ္မတ ဂုဏ်ပြုစကားပြော


ရုရှား သမ္မတ Vladimir Putin ရွေးကောက်ပွဲ ထပ်မံအနိုင် ရရှိတာကြောင့် အမေရိကန်သမ္မတ Donald Trump က အင်္ဂါနေ့က ဖုန်းကနေတဆင့် ဂုဏ်ပြုစကားပြောခဲ့ပါတယ်။ ခေါင်းဆောင် ၂ ဦးဆွေးနွေးပွဲတွေကိုလည်း မကြာမီလုပ်သွားမယ်လို့လည်း သဘောတူကြတာပါ။

ဒီဖုန်းခေါ်ဆိုမှုအတွင်းမှာ သမ္မတ Trump ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက်ကင်းစင်ရေး ၂ နိုင်ငံအမျိုးသားလုံခြုံရေးအတွက် အပြန်အလှန်ဦးစားပေးရမယ့် ကိစ္စရပ်တွေနဲ့ စိန်ခေါ်မှုတွေ ပြောဆိုခဲ့ကြတယ်လို့ သမ္မတအိမ်က ထုတ်ပြန်ပါတယ်။

ရုရှားအစိုးရက တရားဝင်သတင်းထုတ်ပြန်ချက်မှာတော့ သမ္မတ၂ ဦးဟာ နိုင်ငံတကာအကြမ်းဖက်မှု တိုက်ဖျက်ရေး နျူကလီးယားလက်နက်ထိန်းချုပ်ရေးနဲ့ အမေရိကန်နဲ့ ရုရှား စီးပွားရေးဆိုင်ရာ အကျိုးတူပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စကို အဓိကဆွေးနွေးခဲ့ပါတယ်လို့ ဆိုပါတယ်။ အခုလောလောဆည်မှာတော့ သူတို့ ၂ ဦးတွေ့ဆုံဖို့နဲ့ ပတ်သက်ပြီး ဘယ်အချိန်ဘယ်နေရာမှာတွေ့မယ်ဆိုတဲ့အသေးစိတ်အစီအစဉ်တော့ မရှိသေးဘူးလို့ အိမ်ဖြူတော်ပြောခွင့်ရ Sarah Huckabee Sanders ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG