သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားအမှု ကန်သမ္မတ မျက်နှာချင်းဆိုင်ဖြေဆိုဖွယ် မရှိ


၂၀၁၆ အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားဝင်နှောင့်ယှက်ခဲ့သလားဆိုတာ စုံစမ်းနေတဲ့ အထူးစုံစမ်းရေးမှူး Robert Mueller ရဲ့မေးမြန်းချက်တွေကို မျက်နှာချင်းဆိုင် ဖြေချင်မှ ဖြေကြားမယ်လို့ သမ္မတ Donald Trump ကပြောကြားခဲ့ပါတယ်။ မေးခွန်းတွေကို စာနဲ့ရေးသားဖြေကြားတာကပဲ သူ့ဖက်က နောက်ဆုံးအဖြေဖြစ်လိမ့်မယ်လို့ သမ္မတက Fox သတင်းဌာနနဲ့မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

သူ့ကိုမေးဖို့မသင့်တဲ့မေးခွန်းတွေအတွက် သူ့ဖက်က အပြည့်အစုံ ရေးသားဖြေကြားခဲ့ပြီးပြီလို့ဆိုပါတယ်။ Mr. Mueller ရဲ့မေးခွန်းတွေကို သူ့ပြောတဲ့အတိုင်း သူ့ရဲ့ ရှေ့နေတွေက ဖြေကြားပေးခဲ့တယ်လို့ တနင်္ဂနွေနေ့က ထုတ်လွှင့်တဲ့ မေးမြန်းခန်းမှာ သမ္မတ Trump ကပြောပါတယ်။

အဲဒီရေးသားဖြေကြားချက်တွေကို ဒီရက်ပိုင်းတွေအတွင်း သမ္မတရဲ့ ရှေ့နေတွေက Mr. Mueller ဆီကိုပေးပို့လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ တချို့မေးခွန်းတွေက မလိုအပ်တဲ့မေးခွန်းတွေဖြစ်သလို တချို့က ထောင်ချောက်ဆင်ထားတာဖြစ်တယ်၊ ဖြေစရာမလိုဘူးလို့မှတ်ယူကောင်းမှတ်ယူမယ်လို့ သမ္မတရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာရှေ့နေ Rudy Giuliani ကပြောကြားခဲ့ပါတယ်။ ၁၈ လကြာပြီဖြစ်တဲ့ စုံစမ်းစစ်ဆေးမှုဟာ လုပ်ကြံဇတ်လမ်းဆင်ထားတာဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရအောင် ရုရှားနဲ့ပူးပေါင်းလုပ်ခဲ့တာ မရှိဘူးလို့ သမ္မတက Fox နဲ့မေးမြန်းခန်းမှာ ထပ်ပြောခဲ့ပါတယ်။

ရုရှားအမှု ကန်သမ္မတ မျက်နှာချင်းဆိုင်ဖြေဆိုဖွယ် မရှိ
please wait

No media source currently available

0:00 0:01:05 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG