သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kim Jong Un နဲ့ Donald Trump တွေ့ဆုံမယ့် အဖြစ်နိုင်ဆုံး နှစ်နေရာ


Kim Jong Un (ဝဲ) Donald Trump (ယာ)
Kim Jong Un (ဝဲ) Donald Trump (ယာ)

ကုန်သွယ်ရေးပိုင်းကို တရုတ်နိုင်ငံနဲ့ ပြန်လည် ညှိနှိုင်းဖို့လိုတယ်လို့ သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က ပြောပါတယ်။ တရုတ်သမ္မတ ရှီ ကျင့်ဖျင်နဲ့ တရုတ်နိုင်ငံအပေါ် သူလေးစားတယ်ဆိုတာကို ပြောဆိုရင်းနဲ့ တရုတ်နဲ့ လက်ရှိ စေ့စပ်ညှိနှိုင်းနေတာနဲ့ပတ်သက်ပြီး သမ္မတထရမ့်ပ်က ပြောသွားတာပါ။

Ohio ပြည်နယ်၊ Cleveland မြို့မှာ စနေနေ့ကလုပ်တဲ့ ဆွေးနွေးပွဲအတွင်း အဲဒီလိုပြောသွားတာလည်းဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ ထိပ်သီးစည်းဝေးပွဲလုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးတော့ သမ္မတထရမ့်ပ်က ပြောဆို ပြီး ဒီအစည်းအဝေးဟာ သိပ်ကို ထူးခြားတဲ့အစည်းအဝေးဖြစ်မယ်လို့ ဆိုပါတယ်။

လက်ရှိ အမေရိကန်သမ္မတတဦးနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေကြား ဘယ်တုန်းကမှမရှိဖူးသေးတဲ့ ပထမဆုံးအစည်း အဝေးကို လာမယ့်သီတင်းပတ်တွေအတွင်း လုပ်မှာဖြစ်တယ်လို့ သမ္မတအိမ်ဖြူတော်က ပြောထားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယားလက်နက်တွေအားလုံးကို စွန့်လွှတ်ရေး သမ္မတထရမ့်ပ်က တွန်းအားပေး ပြောဆိုမယ်လို့ ခန့်မှန်းကြပါတယ်။

ထိပ်သီးအစည်းအဝေးလုပ်နိုင်ခြေရှိတဲ့ နေရာတွေထဲမှာ တောင် မြောက် ကိုရီးယားနှစ်နိုင်ငံအကြား DMZ စစ်မဲ့ဇုန်ဒေသနဲ့ စင်္ကာပူ နိုင်ငံတို့ ထိပ်ဆုံးကရှိနေပါတယ်။

သမ္မတထရမ့်ပ်က စစ်မဲ့ဇုန်ဒေသမှာ လုပ်ချင်စိတ် ပိုရှိတယ်ဆိုတာ ဒီသီတင်းပတ်အတွင်း ပြောထားပေမဲ့ စင်္ကာပူလည်း ဖြစ်နိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။

Kim Jong Un နဲ့ Donald Trump တွေ့ဆုံမယ့် အဖြစ်နိုင်ဆုံး နှစ်နေရာ
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG