သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗင်နီဇွဲလားမှာ ကန်စစ်ရေးဝင်စွက်ဖို့ ရွေးချယ်စရာတခု အဖြစ် သမ္မတပြောကြား


President Donald Trump
President Donald Trump

ဗင်နီဇွဲလားမှာ အမေရိကန်ရဲ့ စစ်ရေးဝင်စွက်မှုဟာ ရွေးချယ်စရာတခု အနေနဲ့ ရှိနေကြောင်း အမေရိကန်သမ္မတ Donald Trump က တနင်္ဂနွေနေ့ CBS ရုပ်သံနဲ့ မေးမြန်းခန်းမှာ မှတ်ချက်ပေးပြောဆိုခဲ့ပါတယ်။

အမေရိကန်နဲ့ တခြားနိုင်ငံတွေက ဗင်နီဇွဲလားသမ္မတ Nicolas Maduro ကို ဖြုတ်ချဖို့ ဖိအားတွေ တိုးပေးနေပြီး အတိုက်အခံခေါင်းဆောင် Juan Guaido ကို ဗင်နီဇွဲလား ယာယီသမ္မတအဖြစ် ထောက်ခံမှု ပေးနေချိန်မှာပဲ ဗင်နီဇွဲလားကို အမေရိကန်တပ်တွေ ဝင်ရောက်ဖို့ သမ္မတ Trump အမိန့်ပေးဖို့ ဘယ်အကြောင်းကများ ဖန်တီးနိုင်မလဲလို့ မေးတဲ့အခါမှာတော့ သမ္မတက တိတိကျကျ မဖြေဆိုခဲ့ပါဘူး။

လအတော်ကြာတုန်းက Maduro ရဲ့ တွေ့ဆုံဖို့ ပန်ကြားချက်ကို သူလက်မခံခဲ့ဘူးလို့ သမ္မတက ပြောခဲ့သလို Guaido အာဏာရရေးအတွက် ဒီမိုကရေစီရလာရေးအတွက် လုပ်ရမယ့် အလုပ်တွေ အများကြီး ရှိနေတာကြောင့်လို့ ပြောပါတယ်။ အမေရိကန်ပြည်ထောင်စုနဲ့ တခြား နိုင်ငံတွေက Guaido ကို ဗင်နီဇွဲလားရဲ့ ယာယီသမ္မတ အဖြစ် အသိမှတ် ပြုထားကြတာပါ။

ဗင်နီဇွဲလားနိုင်ငံမှာ တကယ် ဆိုးဝါးတာတွေ အများအပြား ဖြစ်ပေါ်နေတာကြောင့် Maduro နဲ့ ဆွေးနွေးဖို့ သူငြင်းပယ်ခဲ့တာ ဖြစ်ကြောင်းလည်း သမ္မတက ပြောပါတယ်။

Austria ဝန်ကြီးချုပ် Sebastian Kurz က သူဟာ Guaido နဲ့ စကားပြောဆိုခဲ့ပြီး ဗင်နီဇွဲလား နိုင်ငံ ဒီမိုကရေစီ ပြန်ရဖို့ သူအပြည့်အဝ ထောက်ခံကြောင်း ပြောကြားခဲ့တယ်လို့ သူ့တွစ်တာမှာ ရေးခဲ့ပြီး သူ့ရဲ့ ယာယီသမ္မတအဖြစ် သူတို့ ထောက်ခံကြောင်း ပြောပါတယ်။

Maduro က လွှတ်တော်ရွေးကောက်ပွဲတွေကို စောစောကျင်းပပေးမှာ ဖြစ်ကြောင်းပြောခဲ့ပါတယ်။ လွှတ်တော် ဥက္ကဌ Guaido ကတော့ သူဟာ နိုင်ငံရဲ့ တရားဝင်ခေါင်းဆောင် ဖြစ်ကြောင်း ကြေညာထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG