သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Trump အိမ္ရွာေဖြခြင့္ဝရမ္း အမ်ားျပည္သူၾကည့္ခြင့္ရဖို႔ေတာင္းဆို( ေရွ႕ေနခ်ဳပ္)


အေမရိကန္ ေရွ႕ေနခ်ဳပ္ Merrick Garland

အေမရိကန္သမၼတ အိမ္ျဖဴေတာ္က မွတ္တမ္းေတြကို သမၼတေဟာင္း Donald Trump ရဲ႕ ကိုင္တြယ္ေဆာင္ရြက္ပုံနဲ႔ ပတ္သက္လို႔ ျပည္ေထာင္စု စုံစမ္းစစ္ေဆးေရးဗ်ဳ႐ို (FBI) က စုံစမ္းစစ္ေဆးမႈနဲ႔ ဆက္ႏြယ္ၿပီး သမၼတေဟာင္းရဲ႕ ဖေလာ္ရီဒါျပည္နယ္က အိမ္ကို ရွာေဖြဖို႔ တရား႐ုံးရဲ႕ ခြင့္ျပဳခ်က္ ၀ရမ္းရေအာင္ ကိုယ္တိုင္ခြင့္ျပဳခဲ့ေၾကာင္း ေရွ႕ေနခ်ဳပ္ Merrick Garland ကေျပာလိုက္ပါတယ္။ ရွာေဖြမႈနဲ႔ ပတ္သက္လို႔ သမၼတေဟာင္းကိုယ္တိုင္ လူသိရွင္ၾကား အတည္ျပဳခဲ့သလို၊ ေနာက္ဆက္တဲြ ကိစၥေတြ၊ အမ်ားျပည္သူ အက်ဳိးစီးပြားနဲ႔ သက္ဆိုင္တဲ့ ကိစၥေတြ ပါ၀င္ေနတာေၾကာင့္ ရွာေဖြ ၀ရမ္းကို အမ်ားျပည္သူသိရွိႏိုင္ေအာင္ ထုတ္ျပန္ဖို႔ တရားေရးဌာနက ခြင့္ျပဳခ်က္ေတာင္းဖို႔ ဆုံးျဖတ္ထားေၾကာင္းလည္း ေၾကညာခဲ့တာပါ။

သမၼတေဟာင္း Trump ရဲ႕ အိမ္ကို ရွာေဖြဖို႔ အလြယ္တကူ ဆုံးျဖတ္ခဲ့တာ မဟုတ္ေၾကာင္းလည္း ၾကာသပေတးေန႔က ႐ုပ္ျမင္သံၾကာကေန အက်ဥ္း႐ုံး ေၾကညာရာမွာ ေျပာဆိုသြားပါတယ္။ ရွာေဖြဖို႔အတြက္ ခိုင္လုံတဲ့ အေၾကာင္းရင္းရွိတယ္လို႔ စဥ္းစားဆုံးျဖတ္ၿပီးေနာက္ ျပည္ေထာင္စု တရားသူႀကီးတဦးက ရွာေဖြ၀ရမ္းကို လက္မွတ္ထိုးခဲ့ေၾကာင္းလည္း ေရွ႕ေနခ်ဳပ္က ေျပာပါတယ္။ တနလၤာေန႔က ရွာေဖြမႈအေပၚ သမၼတေဟာင္း Trump ရဲ႕ ရီပတ္ဘလစ္ကန္ ပါတီက ေ၀ဖန္႐ႈတ္ခ်မႈေတြနဲ႔ ေျဖရွင္းခ်က္ေပးဖို႔ ေတာင္းဆိုမႈေတြ ထြက္ေပၚခဲ့ၿပီး ေနာက္မွာပဲ ေရွ႕ေနခ်ဳပ္ရဲ႕ တုံ႔ျပန္ခ်က္ ထြက္ေပၚခဲ့တာပါ။

ထိပ္တန္းလ်ဳိ႕၀ွက္ အခ်က္အလက္ေတြ အပါအ၀င္ အိမ္ျဖဴေတာ္ မွတ္တမ္းေတြ သိမ္းဆည္းထားတဲ့ ပုံး ၁၅ ခုကို အခ်ိန္အေတာ္ေႏွာင္းၿပီးမွ လက္ခံရရွိခဲ့ေၾကာင္း ႏိုင္ငံေတာ္ မွတ္တမ္းဌာနက ေျပာဆိုခဲ့ၿပီးေနာက္ FBI က စုံစမ္းစစ္ေဆးေနတာ ျဖစ္ပါတယ္။ တနလၤာေန႔က ရွာေဖြမႈအတြင္း FBI က အေထာက္အထား မွတ္တမ္းအေျမာက္အမ်ားကိုလည္း သိမ္းဆည္းခဲ့တာပါ။ FBI က ဖေလာ္ရီဒါ အပမ္းေျဖအိမ္မွာ ရွာေဖြခ်ိန္မွာေတာ့ သမၼတေဟာင္း Trump က နယူးေယာက္မွာ ရွိေနခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode


အမေရိကန်သမ္မတ အိမ်ဖြူတော်က မှတ်တမ်းတွေကို သမ္မတဟောင်း Donald Trump ရဲ့ ကိုင်တွယ်ဆောင်ရွက်ပုံနဲ့ ပတ်သက်လို့ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျုရို (FBI) က စုံစမ်းစစ်ဆေးမှုနဲ့ ဆက်နွယ်ပြီး သမ္မတဟောင်းရဲ့ ဖလော်ရီဒါပြည်နယ်က အိမ်ကို ရှာဖွေဖို့ တရားရုံးရဲ့ ခွင့်ပြုချက် ဝရမ်းရအောင် ကိုယ်တိုင်ခွင့်ပြုခဲ့ကြောင်း ရှေ့နေချုပ် Merrick Garland ကပြောလိုက်ပါတယ်။

ရှာဖွေမှုနဲ့ ပတ်သက်လို့ သမ္မတဟောင်းကိုယ်တိုင် လူသိရှင်ကြား အတည်ပြုခဲ့သလို၊ နောက်ဆက်တွဲ ကိစ္စတွေ၊ အများပြည်သူ အကျိုးစီးပွားနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပါဝင်နေတာကြောင့် ရှာဖွေ ဝရမ်းကို အများပြည်သူသိရှိနိုင်အောင် ထုတ်ပြန်ဖို့ တရားရေးဌာနက ခွင့်ပြုချက်တောင်းဖို့ ဆုံးဖြတ်ထားကြောင်းလည်း ကြေညာခဲ့တာပါ။ သမ္မတဟောင်း Trump ရဲ့ အိမ်ကို ရှာဖွေဖို့ အလွယ်တကူ ဆုံးဖြတ်ခဲ့တာ မဟုတ်ကြောင်းလည်း ကြာသပတေးနေ့က ရုပ်မြင်သံကြာကနေ အကျဉ်းရုံး ကြေညာရာမှာ ပြောဆိုသွားပါတယ်။ ရှာဖွေဖို့အတွက် ခိုင်လုံတဲ့ အကြောင်းရင်းရှိတယ်လို့ စဉ်းစားဆုံးဖြတ်ပြီးနောက် ပြည်ထောင်စု တရားသူကြီးတဦးက ရှာဖွေဝရမ်းကို လက်မှတ်ထိုးခဲ့ကြောင်းလည်း ရှေ့နေချုပ်က ပြောပါတယ်။

တနင်္လာနေ့က ရှာဖွေမှုအပေါ် သမ္မတဟောင်း Trump ရဲ့ ရီပတ်ဘလစ်ကန် ပါတီက ဝေဖန်ရှုတ်ချမှုတွေနဲ့ ဖြေရှင်းချက်ပေးဖို့ တောင်းဆိုမှုတွေ ထွက်ပေါ်ခဲ့ပြီး နောက်မှာပဲ ရှေ့နေချုပ်ရဲ့ တုံ့ပြန်ချက် ထွက်ပေါ်ခဲ့တာပါ။ ထိပ်တန်းလျို့ဝှက် အချက်အလက်တွေ အပါအဝင် အိမ်ဖြူတော် မှတ်တမ်းတွေ သိမ်းဆည်းထားတဲ့ ပုံး ၁၅ ခုကို အချိန်အတော်နှောင်းပြီးမှ လက်ခံရရှိခဲ့ကြောင်း နိုင်ငံတော် မှတ်တမ်းဌာနက ပြောဆိုခဲ့ပြီးနောက် FBI က စုံစမ်းစစ်ဆေးနေတာ ဖြစ်ပါတယ်။ တနင်္လာနေ့က ရှာဖွေမှုအတွင်း FBI က အထောက်အထား မှတ်တမ်းအမြောက်အများကိုလည်း သိမ်းဆည်းခဲ့တာပါ။ FBI က ဖလော်ရီဒါ အပမ်းဖြေအိမ်မှာ ရှာဖွေချိန်မှာတော့ သမ္မတဟောင်း Trump က နယူးယောက်မှာ ရှိနေခဲ့ပါတယ်။

XS
SM
MD
LG