သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Donald Trump အမွေရတဲ့ဝင်ငွေ အခွန်ရှောင်ခဲ့သလား


အမေရိကန်သမ္မတ Donald Trump က အိမ်ဖြူတော် သူ့ရုံးခန်းမှာ ထားရှိတဲ့ ကွယ်လွန်သွားပြီးဖြစ်တဲ့ ဖခင် Fred Trump ဓါတ်ပုံ

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ရဲ့ အခွန်ဆိုင်ရာ နောက်ကြောင်းအခြေအနေတွေနဲ့ ပတ်သက်လို့ The New York Times သတင်း စာက ရေးသားဖော်ပြပြီးတဲ့နောက် နယူးယောက်ပြည်နယ်၊ အခွန်နဲ့ဘဏ္ဍာရေးဌာနက စုံစမ်းစစ်ဆေးမှု စလုပ်နေပါပြီ။

သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ဟာ သူ့မိဘဆီက ငွေတွေရတာအပါအဝင် သူရဲ့ကြွယ်ဝချမ်းသာမှု အဆမတန်တိုးပွားစေရေး အခွန် ရှောင်ဖို့အတွက် မေးခွန်းထုတ်စရာ လုပ်ဆောင်ချက်တွေနဲ့ လုံးဝ လိမ်လည်ဖော်ပြတဲ့ နည်းလမ်းတွေကို အသုံးပြုခဲ့တယ်လို့ The Times သတင်းစာက ရေးထားတာပါ။

နယူးယောက်မြို့တော်ဝန် Bill de Blasio ရဲ့ ပန်ကြားချက်အရ ပြည်နယ် အခွန်နဲ့ ဘဏ္ဍာရေးဌာနက အင်္ဂါနေ့မှာ စပြီး စုံစမ်း စစ်ဆေးနေတာပါ။

သမ္မတထရမ့်ပ်က သူဟာ ဖခင်ဆီကနေ အတော်လေးနည်းတဲ့ချေးငွေ ဒေါ်လာ ၁ သန်း ရယူပြီး ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စီးပွားရေး လုပ်တာတွေကနေတဆင့် သူ့ရဲ့ကြွယ်ဝချမ်းသာမှုကို တည်ဆောက်ခဲ့တာလို့ဆိုပြီး သူဟာ ကိုယ့်ဖာသာ ကြိုးစားတည်ဆောက်ခဲ့ သူဆိုတာမျိုး ပြောလေ့ရှိပါတယ်။

ဒါပေမဲ့ စာလုံးရေ ၄၀,၀၀၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် အသေးစိတ်ရေးသားထားတဲ့ The Times သတင်းစာရဲ့ ဆောင်းပါးမှာတော့ မစ္စတာထရမ့်ပ်ဟာ သူ့ရဲ့ဖခင်ဖြစ်သူ နယူးယောက် အိမ်ခြံမြေလုပ်ငန်းပိုင်ရှင်ကြီး Fred Trump ကဆီကနေ စုစုပေါင်း ဒေါ်လာ ၄၁၃ သန်းကျော် လက်ခံရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

The Times သတင်းစာရဲ့အဆိုအားဖြင့် အခွန်ဆောင်ရမယ့်ထဲကနေ နည်းလမ်းတကျမဟုတ်တဲ့ လျှော့ချ ဖယ်ထုတ်မှုတွေ အပါအဝင် သူ့ဖခင်အနေနဲ့ အခွန်ရှောင်ပြီးတော့ ပိုပြီးချမ်းသာလာအောင် မစ္စတာထရမ့်ပ်က ကူညီလုပ်ဆောင်ပေးခဲ့တယ်လို့ သတင်းစာဆောင်းပါးမှာ ရေးသားဖော်ပြထားပါတယ်။

သတင်းစာရဲ့ရေးသားချက်ကို မစ္စတာထရမ့်ပ်က ပယ်ချပြီး The Times သတင်းစာဟာ “သိပ်ကို ဟောင်းနွမ်း ပျင်းရိစရာ ကောင်းပြီး ကျနော်နဲ့ပတ်သက်လို့ လုပ်ကြံရေးသားတာတွေ မကြာခနဖော်ပြလေ့ရှိတယ်” လို့ Twitter မှာ တုန့်ပြန်ရေးသား ပါတယ်။

Donald Trump အမွေရတဲ့ဝင်ငွေ အခွန်ရှောင်ခဲ့သလား
please wait

No media source currently available

0:00 0:01:28 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG