သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ညှိနှိုင်းမှု မလုပ်ရင် စစ်ရေးနည်းသုံးနိုင်လို့ သမ္မတ Trump ပြော

သမ္မတ Donald Trump ကိုအိမ်ဖြူတော်အရာရှိချုပ်နဲ့ တွေ့ရစဉ်
သမ္မတ Donald Trump ကိုအိမ်ဖြူတော်အရာရှိချုပ်နဲ့ တွေ့ရစဉ်

အီရန်နိုင်ငံအနေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် အပေးအယူလုပ် ညှိနှိုင်းဖို့ သဘောမတူဘူးဆိုရင်၊ စစ်ရေးနည်းလမ်းကို အသုံးပြုကောင်းပြုမယ်လို့ အမေရိကန်သမ္မတ Donald Trump က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

နျူကလီးယား ဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ အပေးအယူလုပ် ညှိနှိုင်းမယ်ဆိုရင် အီရန်အတွက် အခြေအနေ သိပ်ကောင်းပါလိမ့်မယ်လို့ ပြောထားတဲ့ စာတစောင်ကို အီရန်နိုင်ငံရဲ့ဥသျှောင် ဘာသာရေးခေါင်းဆောင်ကြီး Ali Khamenei ဆီကို ပေးပို့ထားတယ်လို့ Fox သတင်းဌာနဲ့ မေးမြန်းခန်းမှာ သမ္မတ Trump က ပြောဆိုခဲ့ပါတယ်။

စစ်ရေးနည်းလမ်းကို သုံးမယ်ဆိုရင်တော့ အီရန်အနေနဲ့ အလွန်ဆိုးရွားတဲ့အခြေအနေနဲ့ ရင်ဆိုင်ရမယ်လို့လည်းသမ္မတ Trump က ပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ အီရန်ကြား ပြဿနာ ရှိနေပြီး၊ မကြာခင် တခုခုဖြစ်တော့မယ်လို့လည်း ပြောပါတယ်။ ငြိမ်းချမ်းတဲ့ သဘောတူညီချက်နဲ့ ပြဿနာကို ရှင်းချင်ပေမဲ့ တခြားနည်းလမ်းကပဲ ပြဿနာ ရှင်းနိုင်လိမ့်မယ်လို့လည်း ဆိုခဲ့ပါတယ်။

သမ္မတ Trump က ကမ်းလှမ်းလိုက်တဲ့ ဆွေးနွေးညှိနှိုင်းရေးအစီစဉ်မှာ ဘယ်လို အချက်အလက်မျိုးတွေ ပါဝင်မလဲ ဆိုတာကို VOA က မေးမြန်းခဲ့ပေမဲ့၊ အိမ်ဖြူတော်က ပြန်လည်ဖြေကြားခဲ့ခြင်း မရှိပါဘူး။ ကုလသမဂ္ဂဆိုင်ရာ အီရန်အမြဲတမ်းသံအဖွဲ့ကို မေးမြန်းခဲ့ရာမှာလည်း အခုအချိန်အထိတော့ အမေရိကန်သမ္မတ ပေးပို့စာဆိုတာကို လက်ခံရရှိခြင်း မရှိသေးဘူးလို့ ပြောဆိုခဲ့ပါတယ်။

အီရန် နျူကလီးယားအစီအစဉ် ဖျက်သိမ်းရေး နိုင်ငံစုံပါဝင်တဲ့ JCPOA သဘောတူစာချူပ်ကို သမ္မတဟောင်း Barack Obama လက်ထက် ၂၀၁၅ ခုနှစ်မှာ အမေရိကန်က လက်မှတ်ထိုးခဲ့ပေမဲ့ သမ္မတ Trump ပထမတကြိမ် သမ္မတသက်တမ်း တာဝန်ယူခဲ့တဲ့ ၂၀၁၈ ခုနှစ်မှာ သဘောတူစာချုပ်ကနေ နှုတ်ထွက်ခဲ့ပါတယ်။

This item is part of

Forum

XS
SM
MD
LG