သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန်စနစ်သစ် သမ္မတ Trump လက်မှတ်ထိုး အတည်ပြု


အမေရိကန်သမ္မတ Donald Trump ဟာ သူ့ရဲ့ သမ္မတ သက်တမ်းကာလ ပထမနှစ်အတွင်း အကြီးမားဆုံး အောင်မြင်မှုဖြစ်တဲ့ အခွန်စနစ် ပြောင်းလဲတဲ့ ဥပဒေကို သောကြာနေ့က လက်မှတ်ရေးထိုး အတည်ပြုလိုက်ပါတယ်။

ဒေါ်လာ ၁. ၅ ထရီလီယံ လျှော့ကောက်မယ့် ဒီဥပဒေကို အားလပ်ရပ်အတွက်ဖလော်ရီဒါပြည်နယ်ကို မသွားရောက်ခင်မှာပဲ ဝါရှင်တန်မှာ လက်မှတ်ရေးထိုးလိုက်တာပါ။ ခရစ်စမတ်မတိုင်ခင်မှာ ဒီအခွန်ဥပဒေကို လက်မှတ်ရေးထိုးအတည်ပြုချင်နေခဲ့တာလို့လည်း သူက ပြောပါတယ်။ သူ့ကို ကတိမတည်တဲ့လူလို့ ပြောမှာမျိုးကို မလိုလားပဲ အခုတော့ ကတိအတိုင်း လုပ်ခဲ့ပြီလို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

ဒီမိုကရက် လွှတ်တော်အမတ်တွေက ဒီအခွန်စနစ်သစ်ဟာ ချမ်းသာတဲ့လူတန်းစားတွေအတွက်သာ အကျိုးရှိမှာဖြစ်ပြီး သာမန်လူထုအတွက်တော့ သိပ်ထူးခြားမှာ မဟုတ်ဘူးလို့ ပြစ်တင်ဝေဖန်မှုအပေါ်လည်း ထရမ့်က Twitter ကနေ တုံ့ပြန်ခဲ့ပါတယ်။ အမေရိကန် ၉၅ ရာခိုင်နှုန်းဟာ အခွန်လျှော့ပေးရမှာဖြစ်ပြီး အဆိုးဆုံးအခြေအနေကတော့ အရင်ကအတိုင်း ပေးရမှာပါ။ ဒါပေမယ့်လည်း ဒီမိုကရက်တွေကတော့ အခွန်တိုးကောက်ချင်ကြတယ်ဆိုပြီး ထရမ့်က ဝေဖန် ရေးသားခဲ့တာပါ။

ဒါ့အပြင် အားလပ်ရက်နဲ့ နှစ်သစ်ကူးကာလအတွက် အစိုးရလည်ပတ်နိုင်မယ့် အသုံးစားရိတ်ခွင့်ပြုတဲ့ ဥပဒေကိုလည်း သမ္မတက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ရက် ၃၀ အသုံးစားရိတ်အတွက် ဘဏ္ဍာငွေသုံးစွဲခွင့်ပြုတာကြောင့် ဇန်နဝါရီလကုန်ပိုင်းထိ အစိုးရလုပ်ငန်းတွေ ဆက်လည်ပတ်နိုင်မှာပါ။

ထရမ့်အစိုးရဟာ ၁၉၈၀ ခုနှစ်တွေကတည်းက သုံးစွဲလာခဲ့တဲ့ အခွန်စနစ်ကို ပြောင်းလဲခဲ့တဲ့အတွက် ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ ၃၅ ရာခိုင်နှုန်းကနေ ၂၁ ရာခိုင်နှုန်းထိ အခွန်လျှော့ကျသွားမှာဖြစ်ပြီး လူအများစုအတွက်လည်း နှစ်အတော်ကြာ အခွန်လျှော့ ပေးဆောင်ရမှာပါ။

ဒါပေမယ့်လည်းဒီမိုကရက်တွေကတော့ အခွန်စနစ်သစ်ဟာ ချမ်းသာတဲ့ လုပ်ငန်းရှင်ကြီးတွေကိုသာ အကျိုးဖြစ်ထွန်းစေမှာဖြစ်ပြီး နိုင်ငံအနေနဲ့ လက်ရှိတင်ရှိနေတဲ့ အကြွေး ၂၀ ထရီလီယံမှာ ၁၀ နှစ်အတွင်း နောက်ထပ် ၁.၅ ထရီလီယံလောက် ထပ်တိုးသွားမှာဖြစ်တယ်ဆိုပြီး ပြစ်တင်ဝေဖန်ထားပါတယ်။

အခွန်စနစ်သစ် သမ္မတ Trump လက်မှတ်ထိုး အတည်ပြု
please wait

No media source currently available

0:00 0:01:41 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG