သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားအကူအညီတချို့ ဖြတ်ဖို့ Trump ခြိမ်းခြောက်


A firefighter extinguishes a fire at a warehouse following recent shelling in Donetsk, Ukraine.
A firefighter extinguishes a fire at a warehouse following recent shelling in Donetsk, Ukraine.

နယ်စပ်တံတိုင်းကာဖို့အတွက် သူတောင်းဆိုထားတဲ့ ငွေကို လွှတ်တော်က မချပေးဘူးဆိုရင် သူ့အနေနဲ့ အမေရိကန်-မက္ကဆီကို နယ်စပ်တလျှောက်လုံးကို ပိတ်ပစ်ပြီး ဟွန်ဒူးရပ်စ်၊ ဂွါတီမာလာနဲ့ အယ်လ်ဆာ ဗေးဒိုးနိုင်ငံတွေကို ပေးနေတဲ့ အကူအညီတွေကို ဖြတ်တောက်ပစ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်လ် ထရမ့်က သောကြာနေ့က ထပ်ပြီး ခြိမ်းခြောက်လိုက်ပါတယ်။

ဒါ့အပြင် တိုင်းပြည်ရဲ့ လူဝင်မှုဥပဒေကို ပြောင်းလဲဖို့ကိုလည်း သမ္မတထရမ့်က တွစ်တာကနေ ပြောလိုက်ပါ တယ်။ အမေရိကန်အစိုးရလုပ်ငန်း တချို့အစိတ်အပိုင်းတွေ ရပ်ဆိုင်းနေတာ ၇ ရက်မြောက်နေ့မှာပဲ သမ္မတ ထရမ့်ဘက်က အခုလို တွစ်တာကနေ တောက်လျှောက်ပြောဆိုလာ နေတာဖြစ်ပါတယ်။ သမ္မတထရမ့်က နယ်စပ်တံတိုင်းကာဖို့ အမေရိကန်ဒေါ်လာ ၅ ဘီလီယံတောင်းဆိုထားပြီး ဒီမိုကရက်တွေဘက်ကတော့ နယ်စပ်လုံခြုံရေးအတွက် အသုံးစရိတ်ကို အတိုင်းအတာတခုအထိ တိုးပေးခဲ့ပေမယ့် တံတိုင်းကာဖို့ကိစ္စကိုတော့ လုံးဝကို ဆန့်ကျင်နေတာကြောင့် သမ္မတထရမ့် နဲ့ ဒီမိုကရက်လွှတ်တော်အမတ်တွေကြားအစိုးရအသုံးစရိတ် နဲ့ ပတ်သက်ပြီး ညှိနှိုင်းလို့မရဘဲ အစိုးရလုပ်ငန်းတချို့ရပ်ဆိုင်းနေရတာဖြစ်ပါတယ်။ အမေရိကန်ကုန်သွယ်ရေးကိုယ်စားလှယ်အဖွဲ့ရုံးရဲ့ အဆိုအရတော့ အမေရိကန် မက္ကဆီကို နယ်စပ်ကို ပိတ်လိုက်ခြင်းအားဖြင့် ၂ နိုင်ငံကြား ကုန်သွယ်ရေးကို ထိခိုက်စေမှာဖြစ်ပြီး ၂ နိုင်ငံကုန်သွယ်ရေးဟာ ၁ နေ့ကို အမေရိကန်ဒေါ်လာ ၁.၆၈ ဘီလီယံတန်ဖိုးရှိတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG