သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်-မက္ကဆီကို နယ်စပ်တခုလုံးပိတ်ဖို့ Trump ခြိမ်းခြောက်


အမေရိကန်မရိမ်းတပ်ဖွဲ့ဝင်တွေက အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ အတားအဆီးလုပ်ဖို့ ကူညီနေကြစဉ်။ (နိုဝင်ဘာ ၁၃၊ ၂၀၁၈)
အမေရိကန်မရိမ်းတပ်ဖွဲ့ဝင်တွေက အမေရိကန်-မက္ကဆီကိုနယ်စပ်မှာ အတားအဆီးလုပ်ဖို့ ကူညီနေကြစဉ်။ (နိုဝင်ဘာ ၁၃၊ ၂၀၁၈)

တကယ်လို့ မက္ကဆီကိုနဲ့ အမေရိကန်ကြား တံတိုင်းဆောက်ဖို့ အသုံးစရိတ်ကို လွှတ်တော်ကသာ မပေးဘူး ဆိုရင် မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်တလျှောက်လုံးကို ပိတ်ပစ်ပြီး Honduras, Guatemala နဲ့ El Salvador နိုင်ငံတွေအတွက် အမေရိကန်က ပေးနေတဲ့ အကူအညီထောက်ပံ့ကြေးတွေ ဖြတ်တောက်ပစ် လိုက်မယ်လို့ အမေရိကန်သမ္မတ Donald Trump က သောကြာနေ့မှာ Twitter လူမှုကွန်ယက်ကနေတဆင့် ခြိမ်းခြောက်လိုက်ပြန်ပါတယ်။

အမေရိကန်ကို အခက်တွေ့စေနေတဲ့ အသုံးမကျတဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဥပဒေတွေကို ပြင်ဆင်ဖို့ Trump က Twitter မှာ ရေးသားတောင်းဆိုခဲ့တာပါ။ နယ်စပ်တံတိုင်းဆောက်ဖို့ အသုံးစရိတ် ဒေါ်လာ ၅ ဘီလျံကို Trump က တောင်းဆိုထားပြီး ဒီမိုကရက်အမတ်တွေက ဒါကို ဆန့်ကျင်နေတဲ့အတွက် အမေရိကန် အစိုးရ အသုံးစရိတ်ကို မခွဲနိုင် ဖြစ်နေတာကြောင့် အစိုးရယန္တရားတွေ တစိတ်တပိုင်း ပိတ်ထားရတာ အခုဆိုရင် ၇ ရက်မြောက်နေ့ ရှိသွားတဲ့အချိန်မှာ Trump က အခုလို ပြောဆိုလိုက်တာပါ။

Trump ခြိမ်းခြောက်သလိုသာ မက္ကဆီကိုနဲ့ အမေရိကန်နယ်စပ်ကို ပိတ်ပစ်ရမယ်ဆိုရင် ၂ နိုင်ငံကြားက တနေ့ကို ၁.၆၈ ဘီလျံ ဒေါ်လာဖိုး ကူးသန်းရောင်းဝယ်နေမှုတွေလည်း ထိခိုက်သွားမယ့်အကြောင့် အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG