သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ်တို့ ၂ နိုင်ငံရေး တွေ့ဆုံဆွေးနွေး


အမေရိကန်သမ္မတ Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Thresa May
အမေရိကန်သမ္မတ Trump နဲ့ ဗြိတိန်ဝန်ကြီးချုပ် Thresa May

အမေရိကန်သမ္မတ Donald Trump ဟာ ဗြိတိန် ဝန်ကြီးချုပ် Theresa May နဲ့ ဒီကနေ့ တွေ့ဆုံခဲ့ပြီး အရှေ့ အလယ်ပိုင်းကိစ္စ အပါအဝင် နိုင်ငံခြားရေး၊ ကုန်သွယ်ရေး၊ အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေအပြင် ဗြိတိန်မှာရှိနေတဲ့ ရုရှား သူလျှိုဟောင်းတွေကို ရုရှားအစိုးရက အဆိပ်ခတ်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

ခေါင်းဆောင် ၂ ဦး တွေ့ဆုံအပြီး ပူးတွဲ ကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲအတွင်း အီးယူထဲက ဗြိတိန်နုတ် ထွက်မယ့် Brexit ကိစ္စနဲ့ ပတ်သက်လို့ သမ္မတ Trump က အခုလို ပြောကြားခဲ့ပါတယ်။

“Brexit လုပ်ငန်းစဉ်တွေ ပြီးဆုံးပြီး အီးယူထဲက ဗြိတိန်နုတ်ထွက်သွားပြီးတဲ့နောက် သူတို့ ဘာလုပ်မယ်ဆိုတာ ကျနော် မသိပါဘူး၊ ဒါပေမယ့် ခင်ဗျားတို့ ဘယ်လိုပဲ လုပ်လုပ် ကျနော့်အတွက်တော့ အဆင်ပြေပါတယ်။ အဲဒါက ခင်ဗျားတို့ရဲ့ ဆုံးဖြတ်ချက်ပါ။ ကျနော်တို့ ၂ နိုင်ငံအကြား ကုန်သွယ်မှုတွေ ဆက်လက် ပြုလုပ်နေနိုင်ဖို့ပဲ အရေးကြီးပါတယ်။ ဗြိတိန်နဲ့ အမေရိကန်အကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူညီချက်ကို အပြီးသတ်နိုင်ဖို့ ကျနော် စောင့်မျှော်နေပါတယ်။ ဒါဟာ ကျနော်တို့ ၂ နိုင်ငံအတွက် အခွင့်အလန်းကောင်း တခုဖြစ်တာနဲ့အညီ အပြည့်အ၀ အကောင်အထည်ဖော်နိုင်အောင် ကျနော်တို့ လုပ်သွားမှာပါ။”

အမေရိကန်ပြည်ထောင်စုနဲ့ အပြန်အလှန် မျှတမှုရှိတဲ့ ကုန်သွယ်ရေး ဖြစ်ပေါ်အောင် လုပ်ဆောင်ပေးတဲ့အတွက် ဝန်ကြီးချုပ် May ကို ကျေးဇူးတင်ကြောင်းလည်း သမ္မတ Trump က ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

အစောပိုင်းတုန်းကတော့ ဗြိတိန်နိုင်ငံ အီးယူထဲကနှုတ်ထွက်ရေးကိစ္စမှာ ဝန်ကြီးချုပ် May ရဲ့ အစီအစဉ်တွေ အပေါ် သမ္မတ Trump က အပြင်းအထန် ဝေဖန် ပြောဆိုတဲ့အပြင် ရာထူးက နုတ်ထွက်သွားတဲ့ နိုင်ငံခြားရေး ဝန်ကြီး Boris Johnson ဟာ သင့်လျော်တဲ့ ဝန်ကြီးချုပ်လောင်း ဖြစ်ကြောင်း၊ လန်ဒန်မြို့မှာ ရာဇဝတ်မှုတွေ ထူပြောနေတာဟာ ရွှေ့ပြောင်း နေထိုင်သူတွေကြောင့်ဖြစ်ကြောင်း ဗြိတိန်ရဲ့ အထင်ကရ သတင်းစာ The Sun နဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့တာပါ။

ဝန်ကြီးချုပ် May ကတော့ ဗြိတိန် အီးယူထဲက နုတ်ထွက်ပြီးရင် ဗြိတိန်နိုင်ငံ အခက်အခဲနဲ့ ရင်ဆိုင်ရနိုင်တယ် ဆိုတဲ့ ပြောဆိုမှုကို သတင်းစာရှင်းလင်းပွဲအတွင်း ချေပ ပြောဆိုခဲ့ပြီး အတ္တလန္တိတ် သမုဒ္ဒရာ တဖက်တချက်စီမှာ ရှိနေကြတဲ့ ဒီ နှစ်နိုင်ငံရဲ့ ညီညွတ်မှု ရေရှည် တည်တံ့အောင် လုပ်ဆောင်ရေးဟာ ၂ နိုင်ငံစလုံးရဲ့ တာဝန်ဖြစ် ကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG