သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပထမကမ္ဘာစစ်ပြီး ရာပြည့်ပွဲ Donald Trump တက်မည်


ပထမကမ္ဘာစစ်ပြီးဆုံးခဲ့တဲ့ နှစ်ပေါင်းတရာပြည့်တဲ့အထိမ်းအမှတ်အခန်းအနားကို ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မှာ အခုသီတင်းပတ်ထဲမှာကျင်းပပါလိမ့်မယ်။ အဲဒီအခန်းအနားကို အမေရိကန်သမ္မတ ဒေါ်နလ် ထရမ့်လည်း တခြားကမ္ဘာ့ခေါင်းဆောင်တွေနဲ့ အတူ တက်ရောက်ပါလိမ့်မယ်။

အမေရိကန်နဲ့သူ့ရဲ့မဟာမိတ်နိုင်ငံတွေအကြားဆက်ဆံရေးကတင်းမာနေတဲ့အချိန်မှာ သမ္မ တထရမ့်က ဥရောပကိုခရီးထွက်မှာဖြစ်ပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ လက်ရှိ ပထဝီ နိုင်ငံရေး ရာသီဥတု အခြေအနေတွေက ပြီးခဲ့တဲ့ကမ္ဘာစစ်ကြီးတွေကို သတိရစေတဲ့အခြေအနေတွေပဲလို့ သတိပေးပါတယ်။

ပထမ ကမ္ဘာစစ်အဆုံးသတ်တဲ့နှစ်တရာပြည့်အခန်းအနားကို တနင်္ဂနွေနေ့ကျရင် ကျင်းပမှာဖြစ်ပြီး ဒီအခမ်းအနား မတိုင်ခင် ပြင် သစ်နိုင်ငံ အရှေ့ပိုင်းနဲ့မြောက်ပိုင်းတွေက ပထမကမ္ဘာစစ်ဖြစ်ပွါးခဲ့ရာ နေရာတွေကို လှည့်လည်ကြည့်ရှုကြဖို့ရှိပါတယ်။ ဥရောပကိုချိန်းခြောက်မှုတွေ တောက်လျှောက်ရှိ လာနေလို့ ဥရောပတိုက် အနေနဲ့ ကိုယ်ပိုင်စစ်တပ်ဖန်တီးမှဖြစ်လိမ်မယ်လို့ လည်း ပြင်သစ်သမ္မတ Emmanuel Macronက သတိပေး ပါတယ်။

တရုတ်ရန်က ကာကွယ်ဖို့၊ ရုရှားရန်က ကာကွယ်ဖို့နဲ့ အမေရိကန်ရဲ့ရန်ကပါ ကာကွယ်ဖို့လိုအပ်နေပြီလို့ ပြင်သစ်သမ္မတကပြောခဲ့တာပါ။ ဒီကနေ့စနေနေ့မှာ အမေရိကန်သမ္မတ ဒေါ်နလ်ထရမ့်နဲ့ ပြင်သစ် သမ္မတ Emmanuel Macronတို့ တွေ့ဆုံပြောဆိုဖို့အစီအစဉ်ရှိပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နဲ့ သမ္မတထရမ့်တို့ တွေ့မတွေ့ဆိုတာကတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ တွေ့ကြမယ်ဆိုတဲ့ ကောလဟလတွေတော့ ထွက်နေပါတယ်။

ပထမကမ္ဘာစစ်ပြီး ရာပြည့်ပွဲ Donald Trump တက်မည်
please wait

No media source currently available

0:00 0:00:42 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG