သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဆက်သွယ်ရေးကုမ္ပဏီ မပိတ်ပစ်ရမယ့်နည်း ထရမ့်သဘောတူ


တရုတ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်းကြီးတခုဖြစ်တဲ့ ZTE ဆက်လက်လည်ပတ်နိုင်ဖို့ သဘောတူညီမှုတရပ်ရလိုက်ပြီလို့ သမ္မတ Donald Trump အစိုးရအဖွဲ့က လွှတ်တော် အမတ်တွေကို ပြောပါတယ်။ ဒီလုပ်ရပ်ကြောင့် နောက်လမှာ ကျင်းပမယ့်တရုတ်-အမေရိကန် ကုန်သွယ် ရေးဆိုင်ရာ ဆွေးနွေးပွဲမှာ အမေရိကန်အတွက် လမ်းပွင့်သွားစေနိုင်ပါတယ်။

သဘောတူညီမှုအရ ZTE ကုမ္ပဏီရဲ့ အုပ်ချုပ်ရေးအဖွဲ့ကို ဖယ်ရှားရမှာဖြစ်သလို အမေရိကန်နိုင်ငံက ခန့်အပ်တဲ့လူတွေနဲ့ အစားထိုးပြီး ဒဏ် ကြေးလည်း ပေးဆောင်ရမှာ ဖြစ်ပါတယ်။ အီရန်၊ မြောက်ကိုရီးယားတို့နဲ့ ကုန်သွယ်မှု တားမြစ်ချက်တွေကို ချိုးဖောက်မှုပြီး ပစ္စည်းကိရိယာတွေ ရောင်းချပေးခဲ့တဲ့အတွက်ဆိုပြီး ZTE ကုမ္ပဏီက ပေးဆောင်ပြီးဖြစ်တဲ့ ဒေါ်လာသန်း တထောင်ကျော်အပြင် နောက်ထပ်ဒဏ်ကြေးပေး ဆောင်ရဦးမှာ ဖြစ်ပါတယ်။

အပြန်အလှန်အားဖြင့် ZTE နည်းပညာကုမ္ပဏီက ထုတ်လုပ်တဲ့ ကုန်ပစ္စည်းတွေမှာ အမေရိကန်ထုတ် ပစ္စည်းတွေကို တပ်ဆင်အသုံးပြုခွင့် ၂၀၂၅ ခုနှစ်အထိ တားမြစ်ချက် ကိုလည်း အမေရိကန်ကူးသန်းရောင်းဝယ်ရေဌာနက ဖယ်ရှားပေးမှာ ဖြစ်ပါတယ်။ အမေရိကန်ရဲ့ ဒီလအစော ပိုင်းက တားမြစ်ချက်ကြောင့် ကုမ္ပဏီလုပ်ငန်းတွေ ရပ်ဆိုင်းရလုနီး ဖြစ်ခဲ့ပါတယ်။ တရုတ်နဲ့အမေရိကန်တို့ကြား သွင်းကုန်ခွန်တွေ အပြန်အလှန် တိုးကောက်မယ့် အစီအစဉ်ကြောင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်လုနီးချိန်မှာ အခုသဘောတူညီမှုကို ရလိုက်တာဖြစ်ပါတယ်။ ကုန်သွယ်ရေးနဲ့ ပတ်သက်လို့ နောက်ထပ် စေ့စပ်ညှိနှိုင်းမှုတွေအတွက် အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Wilbur Ross ဟာလည်း ဇွန်လ ၂ ရက် နေ့မှာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG