သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုန်သွယ်ရေးအငြင်းပွားမှု အဖြေထွက်လာမယ်လို့ သမ္မတထရမ့်ပ်ပြော


ကမ္ဘာ့စီးပွားရေးအင်အားအကြီးဆုံး နိုင်ငံကြီး နှစ်ခုဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်တို့ကြား ဒေါ်လာဘီလျံပေါင်းရာနဲ့ချီပြီး အပြန်အလှန် အခွန်တွေတိုးကောက်ဖို့ ခြိမ်းခြောက်မှုတွေနဲ့ သောင်မတင်ရေမကျ ဖြစ်နေမှုအတွက် အဖြေတခု ရှိလာမှာ ဖြစ်ကြောင်း အမေရိကန်သမ္မတ Donald Trump က ဟောကိန်းထုတ်လိုက်ပါတယ်။

အမေရိကန်သမ္မတက တိုက်ရိုက်အချက်အလက် ထုတ်မပြောပေမယ့် တရုတ်ဟာ သူ့ရဲ့ ကုန်သွယ်ရေးဆိုင်ရာ အတားအဆီးတွေကို ဖယ်ရှားပေးလိမ့်မယ်လို့ ပြောသလို ဘာကြောင့်လည်းဆိုတော့ ဒါဟာ မှန်ကန်တဲ့လုပ်ရပ်ဖြစ်တဲ့အတွက် လုပ်ဆောင်မှာဖြစ်ကြောင်း ပြောပါတယ်။ အခွန်ကောက်တာဟာ အပြန်အလှန်အပေးအယူ သဘောမျိုးဖြစ်ပြီး ဉာဏ်ပညာအခြေပြု ပစ္စည်း မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး သဘောတူညီချက်တွေ လုပ်လာနိုင်ကြောင်းနဲ့ ဒါဟာ နှစ် နိုင်ငံစလုံးအတွက် သိပ်ကောင်းတဲ့ အနာဂတ်ဖြစ်တယ်လို့လည်းသမ္မတ Trump ကပြောပါတယ်။

ဒါ့အပြင် တရုတ်သမ္မတ Xi Jinping နဲ့ သူဟာ ကုန်သွယ်ရေးမှာ အငြင်းပွားမှုတွေ ဘယ်လာက်ပဲရှိရှိ အမြဲတမ်းမိတ်ဆွေတွေ ဖြစ်နေမယ် လို့လည်း ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်တို့ကြား အပြန်အလှန်ခြိမ်းခြောက်မှုတွေကနေ မကြာသေးခင်ရက်ပိုင်းတွေ အတွင်း ကမ္ဘာတလွှား အစုရှယ်ယာဈေးတွေ ကမောက်ကမ ဖြစ်ခဲ့သလို စတော့ရှယ်ယာအညွှန်းကိန်းတွေဟာ ရာနဲ့ချီပြီး အတက်အကျ ဖြစ်ခဲ့တာပါ။

တရုတ်သွင်းကုန် ဒေါ်လာ ဘီလျံ ၅၀ ဖိုးအတွက် အခွန်တိုးကောက်မယ်လို့ ပြောချိန်ကစပြီး ထိခိုက်နေတဲ့ ဈေးကွက်ဟာ နောက်ထပ် ဘီလျံ ၁၀၀ ဖိုးလောက်အပေါ် သွင်းကုန် အခွန်တိုးကောက်ခံမယ်လို့ သမ္မတ Trump က ခြိမ်းခြောက်ခဲ့တဲ့နောက် အမေရိကန် အစုရှယ်ယာဈေးဟာ သောကြာနေ့မှာ ၂ % ကျော် ကျဆင်းသွားခဲ့ပါတယ်။

တရုတ်ဘက်ကလည်း အမေရိကန်ရဲ့သွင်းကုန်တွေအပေါ် အလားတူ တုန့်ပြန်မယ်လို့ ခြိမ်းခြောက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG