သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်စစ်တပ်တွင်း လိင်အင်္ဂါပြောင်းသူများ လက်မခံရေး သမ္မတကြိုးပမ်းနေ


လိင်အင်္ဂါပြောင်းလဲထားသူတွေကို အမေရိကန် စစ်တပ်တွင်း ဘယ်လို ရာထူးနေရာကိုမှ တာဝန်ထမ်းဆောင်ခွင့် ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ Donald Trump က ပြောဆိုလိုက်ပါတယ်။ ဒါဟာဆိုရင် သမ္မတ ဘရက်ခ် အိုဘားမား အစိုးရလက်ထက် လွန်ခဲ့တဲ့ တနှစ်ကျော်က ချမှတ်ခဲ့တဲ့ မူဝါဒကို ပြောင်းပြန်လှန်လိုက်တာ ဖြစ်ပါတယ်။

တွစ်တာ လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားချက်မှာတော့ သမ္မတ Trump က သူ့ရဲ့ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်ရေးကျွမ်းကျင်သူတွေနဲ့ ညှိနှိုင်းတိုင်ပင်ပြီးနောက်မှာ နိုင်ငံရဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အတွင်း လိင်အင်္ဂါ ပြောင်းထားသူတွေကို လက်ခံနေတာကို သူ့အနေနဲ့ အဆုံးသတ်ဖို့ ဖြစ်လာရတာလို့ ရေးခဲ့တာပါ။

ကျနော်တို့ရဲ့ စစ်တပ် အနေနဲ့ အပြီးသတ် အောင်ပွဲတွေ ခြိမ့်ခြိမ့်သဲ ရရှိရေးကို အာရုံစိုက်ရမှာ ဖြစ်တယ်၊စစ်တပ်ထဲမှာ လိင်အင်္ဂါ ပြောင်းထားသူတွေကြောင့် ပေါ်ပေါက်လာနိုင်တဲ့ ဆေးကုသရေး စာရိတ် အဆမတန် ကြီးမြင့်မှုတွေ ပြသနာတွေနဲ့ ဝန်ပိနေလို့ မရဘူး။ ကျေးဇူးတင်ပါတယ်လို့ သမ္မတ Trump က ရေးသားခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG