သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ကန့်သတ်ချက်သစ် ကန်သမ္မတ လက်မှတ်ထိုး


ပြည်ဝင်ခွင့်ကန့်သတ်ချက်သစ် ကန်သမ္မတ လက်မှတ်ထိုးပြီးထုတ်ပြန်
ပြည်ဝင်ခွင့်ကန့်သတ်ချက်သစ် ကန်သမ္မတ လက်မှတ်ထိုးပြီးထုတ်ပြန်

နိုင်ငံ ၈ နိုင်ငံက ခရီးသွားတွေ အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်ခွင့် အပေါ် ကန့်သတ်ချက်သစ်တွေ ပြဌာန်းလိုက်တဲ့ ခရီးသွားလာခွင့် တားမြစ်မှုပြင်ဆင်ချက်ကို မနေ့ တနင်္ဂနွေနေ့ကအမေရိကန် သမ္မတ Donald Trump လက်မှတ်ရေးထိုး ထုတ်ပြန်လိုက်ပါတယ်။

ဒီကန့်သတ်ချက်သစ်တွေက အောက်တိုဘာလ ၁၈ ရက်နေ့ကနေ စတင်သက်ရောက်မှာဖြစ်ပြီး Chad - ချဒ်၊ အီရန်၊လစ်ဗျား၊ မြောက်ကိုရီးယား၊ ဆီးရီးယား၊ ဗင်နီဇွဲလားနဲ့ ယီမင်နိုင်ငံ တွေက ပြည်သူတွေ အပေါ် သက်ရောက်မှုရှိမှာပါ။ အကြမ်းဖက်ဝါဒဆိုင်ရာနဲ့ တခြား ကိစ္စရပ်တွေမှာ အမေရိကန်နဲ့ သတင်းအချက်အလက် မျှဝေဖို့ နိုင်ငံသုံးနိုင်ငံက ငြင်းဆန်ခဲ့တယ်လို့ အမေရိကန် အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

မူဆလင် အများစု နေထိုင်ရာ နိုင်ငံ ၆ ခုက လူတွေကို ပြည်ဝင်ခွင့် ယာယီကန့်သတ်မိန့်က ရက်ပေါင်း ၉၀ ပြည့်ပြီး၊ သက်တမ်းကုန်သွားပြီးနောက် မနေ့ တနင်္ဂနွေနေ့ နှောင်းပိုင်းမှာ အခုကြေညာချက်သစ် ထွက်လာတာပါ။ အမေရိကန် သမ္မတ Trump ကတော့ နိုင်ငံနဲ့ ပြည်သူတွေရဲ့လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ရမှာ ဖြစ်ကြောင်း သူ့ရဲ့ကြေညာချက်သစ်မှာ ပြောဆိုထားပါတယ်။ အသေအချာ စီစဉ်ထားပြီး ပြင်းထန်တဲ့ ဒီတားမြစ်ချက်တွေဟာဆိုရင် လုံခြုံရေးမြှင့်တင်နိုင်ရေး၊ အမေရိကန်နဲ့ အတူလက်တွဲ ဆောင်ရွက်ကြဖို့ နိုင်ငံခြား အစိုးရတွေကို သတင်းစကား ပေးလိုက်တာ ဖြစ်တယ်လို့လည်း သမ္မတ Trump က ပြောပါတယ်။

ခရီးသွားလာခွင့် တားမြစ်ချက်သစ်ထဲမှာ ဆူဒန်ကို တားမြစ်နိုင်ငံ စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပြီး ချဒ်၊ ဗင်နီဇွဲလားနဲ့ မြောက်ကိုရီးယား နိုင်ငံတွေကို ထပ်ပေါင်းလိုက်တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG