သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကလင်တန်ရွေးကောက်ပွဲစည်းရုံးရေးမှူး အီးမေးဖောက်ခံရမှု စုံစမ်း


သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲ John Podesta
သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲ John Podesta

ဒီမိုကရက်တစ် သမ္မတလောင်း ဟီလာရီကလင်တန်ရဲ့ မဲဆွယ်စည်းရုံးရေးအဖွဲ့ အကြီးအကဲ John Podesta က သူ့ရဲ့အီးမေးတွေ ထိုးဖောက် ခံရတဲ့ကိစ္စမှာ ရုရှားနိုင်ငံ ပါဝင်ပတ်သက်နိုင်ချေ ရှိတာကို ပြည်ထောင်စုအစိုးရ စုံစမ်းစစ်ဆေးရေးဗျူရို FBI က စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။

Podesta ရဲ့ ကိုယ်ပိုင်အီးမေးတွေ ထောင်နဲ့ချီ အဖောက် ခံခဲ့ရပြီးတဲ့နောက် WikiLeaks ဝက်ဘ်ဆိုက်က ဒီအီးမေးတွေကို သောကြာနေ့မှာ စပြီး ဖွင့်ချခဲ့တာပါ။ သူရဲ့အီးမေးတွေကို ထိုးဖောက် ရယူခဲ့သူတွေကို ဖော်ထုတ်နိုင်အောင် သူ့အနေနဲ့ စုံစမ်းစစ်ဆေးသူတွေ ကို ကူညီပေးနေတဲ့ အကြေင်း Podesta က ပြောပါတယ်။

ရီပါဘလီကန်သမ္မတလောင်း Donald Trump အမျိုးသမီးတွေကို စော်စော် ကားကား ပြောထားတဲ့ ဗွီဒီယိုဖိုင် ထွက်လာပြီး သိပ်မကြာခင်မှာပဲ သူ့ရဲ့အီးမေးတွေကို ပေါက်ကြားအောင်လုပ်တာဟာ တိုက်ဆိုင်မှု မဖြစ်နိုင်ဘူးလို့လည်း Podesta က သတင်းထောက်တွေကို ပြောပါတယ်။ ဒီပေါက်ကြားမှုနဲ့ပတ်သက်လို့ Trump ရဲ့ အကြံပေး Roger Stone က ကြိုတင် သိခဲ့တယ်လို့လည်း Podesta က စွပ်စွဲ ပြောဆိုထားပါတယ်။ Stone ကလည်း သူဟာ WikiLeaks ဝက်ဘ်ဆိုက် ထူထောင်သူ Julian Assange နဲ့ အဆက်အဆံရှိတယ်ဆိုတာကို ဝန်ခံထားတာပါ။

ဒါ့အပြင် WikiLeaks ဟာ မစ္စစ် ကလင်တန်နဲ့ သူ့ရဲ့ယုံကြည်ရပြီး အတွေ့အကြုံရှိတဲ့ အကြံပေးပုဂ္ဂိုလ် Podesta တို့ကို တိုက်ခိုက်နိုင်တယ်လို့ ဆိုပြီးတော့ ပြီးခဲ့တဲ့ သြဂုတ်လက Twitter လူမှုကွန်ရက်မှာ ပြောခဲ့ပါသေးတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov ကတော့ အခု အီးမေးပေါက်ကြားမှုတွေမှာ ရုရှားနိုင်ငံ ပါဝင် ပတ်သက်ခြင်း မရှိဘူးလို့ ငြင်းဆန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG