သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန်ပြည်သူတွေကို ကူညီဖို့ သမ္မတ Trump ကတိပြု


အီရန်နိုင်ငံက အစိုးရဆန့်ကျင်ဆန္ဒပြပွဲ

အီရန်မှာ အစိုးရဆန့်ကျင်သူတွေ ရက်အတော်ကြာဆန္ဒပြခဲ့ပြီးတဲ့နောက်မှာ အစိုးရလိုလားသူ ထောင်သောင်းချီပြီး အီရန်နိုင်ငံတဝှမ်း လူထုစုဝေး ပွဲတွေ လုပ်ခဲ့တယ်လို့ အီရန် အစိုးရ သတင်းတွေမှာ ဖေါ်ပြနေချိန်မှာပဲ အမေရိကန် သမ္မတ Donald Trump က အီရန်ပြည်သူ တွေအတွက် ပံ့ပိုးကူညီမှု အသစ်တွေ ပေးအပ်မှာ ဖြစ်ကြောင်း ဗုဒ္ဓဟူးနေ့မှာပဲ ကတိပေးလိုက်ပါတယ်။

အီရန်ပြည်သူတွေကို လေးစားကြောင်းနဲ့ အမေရိကန်ပြည်ထောင်စုက သင့်တော်တဲ့ အချိန်မှာ ကြီးမားတဲ့ အကူအညီတွေ ပေးတာကို တွေ့ရလိမ့်မယ်လို့ တွစ်တာမှာ ရေးပေမယ့် ဘယ်လို အကူညီမျိုး အပေးမယ်ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။

အီရန် ဘာသာရေးခေါင်းဆောင်ကြီး Ayatollah Ali Khamenei ကို ထောက်ခံကြောင်း ကြွေးကျော်ပြီး အီရန်အံတွေ ဝှေ့ယမ်းနေတဲ့ လူအုပ်ကြီးပါတဲ့ ဗီဒီယိုကို အီရန်အစိုးရ ရုပ်သံက ဗုဒ္ဓဟူးနေ့မှာ ပြသခဲ့တာပါ။

ညနေပိုင်းမှာတော့ လက်အတော်ကြာ အစိုးရ ဆန့်ကျင်သူတွေရဲ့ ဆန္ဒပြမှုတွေ ပြီးဆုံးသွားခဲ့တယ်လို့ အီရန်က တော်လှန်ရေး အစောင့်တပ်ဖွဲ့က ပြောပါတယ်။ အစောင့်တပ်ဖွဲ့ တပ်မှုးကြီး Mohammad Ali Jafari က တော်လှန် ဆန္ဒပြမှုတွေ ပြီးဆုံးသွားပြီဖြစ်ပြီး ဆန္ဒပြသူ အရေအတွက်ဟာ တနိုင်ငံလုံးမှာ တသောင်းခွဲတောင် မပြည့်ဘူးလို့ ပြောပါတယ်။

အစိုးရနဲ့ အစိုးရတပိုင်း သတင်းဌာနတွေကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း လူပေါင်း ၂၁ ဦး သေဆုံးခဲ့ရတဲ့ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေနဲ့ ပတ်သက်တဲ့ ဘာသတင်းကိုမှ ထပ်ပြီး မတင်တော့ပါဘူး။

အီရန်ပြည်သူတွေကို ကူညီဖို့ သမ္မတ Trump ကတိပြု
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG