သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှခရီးစဉ်တွင်း လူ့အခွင့်အရေးဖိအားပေးဖို့ Trump ပျက်ကွက်မှု ဝေဖန်ခံရ


ASEAN အစည်းအဝေးအတွင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ လက်ဆွဲနှုတ်ဆက်နေသော သမ္မတ Donald Trump
ASEAN အစည်းအဝေးအတွင်း ဖိလစ်ပိုင်သမ္မတ Rodrigo Duterte နဲ့ လက်ဆွဲနှုတ်ဆက်နေသော သမ္မတ Donald Trump

သမ္မတ Donald Trump ဟာ အခု ပြီးဆုံးသွားခဲ့တဲ့ အာရှခရီးစဉ်အတွင်း အမေရိကန်ရဲ့ လူ့အခွင့်အရေးနဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ မူဝါဒတွေကို စွန့်လွှတ်ခဲ့တယ်လို့ ဝေဖန်သူတွေက စွပ်စွဲနေကြပါတယ်။

HRW ခေါ် လူ့အခွင့်အရေး လေ့လာစောင့်ကြည့်ရေးအဖွဲ့နဲ့ နယ်စည်းမခြား သတင်း ထောက်များ အဖွဲ့တို့က သီးခြားစီထုတ်ပြန်တဲ့ ဝေဖန်ချက်တွေထဲမှာ အာရှတိုက်မှာ နာမည်အဆိုးဆုံး အာဏာရှင်အစိုးရတချို့ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ သတင်း သမားတွေ အပေါ် နှိပ်ကွပ်မှုတွေကို မစ္စတာ Trump က လုံးဝ လျစ်လျှူရှုခဲ့တယ်လို့ စွပ်စွဲဖော်ပြထားကြပါတယ်။

HRW အဖွဲ့ရဲ့ အာရှဒါရိုက်တာ Brad Adams က အမေရိကန်ပြည်ထောင်စုရဲ့ လူ့အခွင့် အရေးဆိုင်ရာ ရပ်တည်မှုဟာ အခြေခံကစပြီး ပျောက်ဆုံးသွားခဲ့ တယ်လို့ VOA ကို ပြောပါ တယ်။ နယ်စည်းမခြား သတင်းစာဆရာများအဖွဲ့ အာရှ-ပစိဖိတ်အကြီးအကဲ Daniel Bastard ကလည်း သမ္မတ Trump ဟာ အာရှတိုက်က အာဏာပြ ခေါင်းဆောင်တွေကို မျက်စိမှိတ် ထောက်ခံခဲ့တယ်လို့ ဆိုပါတယ်။

ဒီဝေဖန်ချက်တွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်ပြောကြားဖို့ ဗွီအိုအေရဲ့ မေတ္တာရပ်ခံမှုကို သမ္မတအိမ်ဖြူတော်က ချက်ခြင်း ပြန်ကြားမှု မရှိခဲ့ပါဘူး။ ဒါပေမယ့် သမ္မတ Trump ကတော့ တရုတ်ခေါင်းဆောင် Xi Jinping ၊ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte ၊ ဗီယက်နမ်ဝန်ကြီးချုပ် Nguyen Xuan Phuc တို့နဲ့ ပုဂ္ဂိုလ်ရေး ရင်းနှီးမှုတည်ဆောက်တဲ့ သူ့ရဲ့မဟာဗျူဟာ မှန်ကန်ကြောင်း သူ့ရဲ့ အပြန်ခရီးမှာ ပြောကြားခဲ့ပါတယ်။

အာရှခရီးစဉ်တွင်း လူ့အခွင့်အရေးဖိအားပေးဖို့ Trump ပျက်ကွက်မှု ဝေဖန်ခံရ
please wait

No media source currently available

0:00 0:01:14 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG