သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်သမ္မတ ရွေးကောက်ပွဲ Trump အနိုင်ရ


အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ သမ္မတရွေးကောက်ပွဲမှာ ပြိုင်ဘက်ဖြစ်သူ Donald Trump အနိုင်ရကြောင်း ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း Hillary Clinton က ပြောဆိုလိုက်ပါတယ်။

အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ နောက်ဆုံးထွက်ပေါ်လာတဲ့ ရလဒ်တွေအရ သမ္မတရွေးကောက်ပွဲမှာ အနိုင်ရဖို့ လိုအပ်တဲ့ Electoral vote ကိုယ်စားလှယ်မဲ ၂၇၀ ရဖို့ နီးစပ်လာချိန်မှာပဲ၊ တယ်လီဖုန်းဆက်ပြီး ရွေးကောက်ပွဲမှာပဲ ကလင်တန်က သူအရေးနိမ့်ခဲ့ကြောင်း ပြောကြားခဲ့တယ်လို့ အမေရိကန်ရုပ်သံ CNN က ကြေညာခဲ့တာပါ။ ထောက်ခံမှုရဖို့ အကြိတ်အနယ် ယှဉ်ပြိုင်ရတဲ့ ပြည်နယ်တွေမှာ ထရမ့်က အသာရပြီး၊ အနိုင်ရထားချိန်မှာပဲ အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ကလင်တန် ကတော့ ဒီညမှာ မိန့်ခွန်းတစုံတရာ ပြောကြားမှာ မဟုတ်ဘူးလို့လည်း သူ့ရဲ့ မဲဆွယ်စည်းရုံးရေးမှူး က နယူးယောက်မြို့က ပါတီရုံးချုပ်မှာ အစောပိုင်းက ကြေညာခဲ့ပါတယ်။

XS
SM
MD
LG