သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ကို ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဝေဖန်


ရီပတ်ဘလစ်ကန် သမ္မတလောင်း Donald Trump သာ အမေရိကန်သမ္မတအဖြစ် ရွေးချယ်ခံရရင် နိုင်ငံတကာ ရှုထောင့်အမြင်အရ ဒါဟာ အန္တရာယ် ရှိလိမ့်မယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီး Zeid Ra’ad al-Hussein က ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

Trump ရဲ့ ပြောဆိုမှုတချို့မှာ ဒုက္ခရင်ဆိုင်နေရသူတွေနဲ့ ပတ်သက်တာတွေနဲ့ နိုင်ငံတကာက တားမြစ်ထားတဲ့ အကြမ်းဖက် ညှဉ်းပမ်းနှိပ်စက်မှု နည်းလမ်းတွေ အသုံးပြုဖို့တွေ ပါဝင်နေတာဟာ စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းသလို သိပ်ကို စိုးရိမ်စရာ ကောင်းတယ်လို့ မစ္စတာ Zeid က ထောက်ပြ ဝေဖန် ခဲ့ပါတယ်။

မစ္စတာ Trump နဲ့ Dutch အမျိုးသားရေးဝါဒီ Geert Wilders တို့ဟာ အကြောက်တရားကို အသုံးချပြီး၊ လက်ရှိ အခြေအနေမှာ မဖြစ်နိုင်တာတွေကို ဖြစ်အောင်လုပ်ပေးမယ် ဆိုတဲ့ မက်လုံးတွေပေးပြီး လူတွေရဲ့ ထောက်ခံမှုရအောင် လုပ်နေတယ်လို့ ပြောဆိုအပြီး တလအကြာမှာ Mr. Zeid က သတင်းထောက်တွေကို Geneva မှာ ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာပါ။ ဒါ့အပြင် အခုလို လူကြိုက်များလာအောင် ပြောဆိုတာတွေကို ဘယ်တော့မှ လျှော့ဖို့လည်း အစီစဉ်မရှိဘူးလို့ ပြောပါတယ်။

ဂျနီဗာနဲ့ နယူးယောက်မှာရှိတဲ့ ကုလသမဂ္ဂဆိုင်ရာ ရုရှားသံအမတ်ကြီးတွေကတော့ ဒီပြောဆိုမှုအတွက် မကျေနပ်ကြကြောင်း မစ္စတာ Zeid ကိုရော ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကိုပါ အကြောင်းကြားကြပါတယ်။

Trump ကို ကုလ လူ့အခွင့်အရေး မဟာမင်းကြီး ဝေဖန်
please wait

No media source currently available

0:00 0:01:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG