[[Zawgyi/Unicode]]
အေမရိကန္သမၼတေဟာင္း Donald Trump ရဲ႕ အိမ္ၿခံေျမလုပ္ငန္း Trump Organization ကုမၸဏီအေနနဲ႔ ၁၅ ႏွစ္တာ အခြန္မေဆာင္ရေအာင္ လိမ္လည္မႈနဲ႔ ရာဇဝတ္မႈေတြ က်ဴးလြန္ခဲ့တယ္လို႔ New York ျပည္နယ္တရား႐ုံးက ဆုံးျဖတ္လိုက္ပါတယ္။
ကုမၸဏီက ဝင္ေငြအျဖစ္မျပဘဲ ကုမၸဏီထိပ္တန္းအရာရွိႀကီးေတြအတြက္ ဇိမ္ခံတိုက္ခန္းေတြ၊ ကားေတြ ငွားရမ္းခလို ပုဂၢိဳလ္ေရးအသုံးစရိတ္ေတြကို အခြန္လြတ္ေအာင္ေပးခဲ့တာ၊ အဲဒီထိပ္တန္းအရာရွိႀကီးေတြကို ေပးခဲ့တဲ့ ေဘာက္ဆူးေတြကိုလည္း ကုမၸဏီကမဟုတ္တဲ့ ကြန္ထ႐ိုက္တာေတြကို ေပးခဲ့တာမ်ိဳး ျပခဲ့တယ္လို႔ အစိုးရေရွ႕ေနေတြက ေျပာတဲ့ ျပစ္မႈ ၁၇ မႈလုံးမွာ အျပစ္ရွိေၾကာင္း ဂ်ဴရီအဖြဲ႕က ေတ့ြရွိခဲ့တာျဖစ္ပါတယ္။
August လတုန္းက အျပစ္ရွိပါတယ္လို႔ဝန္ခံထားတဲ့ Trump ကုမၼဏီရဲ႕ဘ႑ာေရးမႉး Allen Weisselberg ကလည္း ဝင္ေငြ ေဒၚလာ ၁.၇ သန္းေက်ာ္ကို ဝင္ေငြခြန္မေပးရေအာင္ အာဏာပိုင္ေတြကို အသိမေပး ခ်န္လွပ္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Christmas ေဘာက္ဆုံးအျဖစ္ေပးတဲ့ ခ်က္လက္မွတ္ေတြကို Trump ကိုယ္တိုင္လက္မွတ္ထိုးခဲ့သလို Weisselberg ရဲ႕ေျမးေတြအတြက္ ပုဂၢလိကေက်ာင္းစရိတ္ ေဒၚလာသိန္းနဲ႔ခ်ီကို Trump ကိုယ္တိုင္ေပးခဲ့တယ္လို႔ အခုအမႈမွာ Weisselberg က ထြက္ဆိုခဲ့ပါတယ္။
အဓိကသက္ေသတေယာက္ျဖစ္လာတဲ့သူကေတာ့ အစိုးရနဲ႔ ပူးေပါင္းေဆာင္႐ြက္ဖို႔ အေပးအယူလုပ္ခဲ့တဲ့အတြက္ ေထာင္ဒဏ္ ၅ လပဲ ျပစ္ဒဏ္အခ်ခံခဲ့ရပါတယ္။
ရာဇဝတ္မႈ ၁၇ မႈနဲ႔ အျပစ္ရွိေၾကာင္း ေတြ႕ရွိထားတဲ့ Trump အိမ္ၿခံေျမလုပ္ငန္းကုမၸဏီ အမႈအတြက္ ေရွ႕ႏွစ္ ဇန္နဝါရီလ ၁၃ ရက္မွာ ျပစ္ဒဏ္ခ်မွတ္မွာျဖစ္ပါတယ္။ ကမာၻတဝန္း ဟိုတယ္လုပ္ငန္းေတြ၊ ေဂါက္ကြင္းေတြနဲ႔ အိမ္ၿခံေျမေရာင္းဝယ္ေရးလုပ္ေနတဲ့ Trump Organization အေနနဲ႔ ေဒၚလာ ၁.၆ သန္းအထိ ဒဏ္ေၾကးေပးရႏိုင္ပါတယ္။ ကုမၸဏီေရွ႕ေနကေတာ့ တရား႐ုံးဆုံးျဖတ္ခ်က္အေပၚ အယူခံဝင္သြားမယ္လို႔ ေျပာပါတယ္။
ထရမ့္ရဲ႕ ေငြေၾကးအေျခအေနနဲ႔ သူ႔ ကုမၸဏီေတြရဲ႕ လုပ္ငန္းေတြကို နယူးေယာက္ခ႐ိုင္ ေရွ႕ေနခ်ဳပ္က စုံစမ္းစစ္ေဆးခဲ့တာ သုံးႏွစ္ၾကာခဲ့ၿပီး ဒါဟာ အဲဒီ စုံစမ္းစစ္ေဆးေရးကထြက္ေပၚလာခဲ့တဲ့ တခုတည္းေသာ ရာဇဝတ္မႈလည္း ျဖစ္ပါတယ္။ ထရမ့္ကို ပုဂၢိဳလ္အရေတာ့ အေရးမယူေသးပါဘူး။ ဒါေပမဲ့ သူနဲ႔ပတ္သက္လို႔ ဆက္လက္ စုံစမ္းစစ္ေဆးေနဆဲျဖစ္ၿပီး နယူးေယာက္ျပည္နယ္ ေရွ႕ေနခ်ဳပ္႐ုံးက ထရမ့္အေပၚ စုံစမ္းစစ္ေဆးရာမွာပါဝင္ခဲ့ဖူးတဲ့ ေရွ႕ေနတေယာက္ကို စုံစမ္းစစ္ေဆးေရး ေခါင္းေဆာင္အျဖစ္ ဒီ အပတ္ထဲမွာပဲ တာဝန္ေပးလိုက္ပါတယ္။
===============
[[Unicode]]
Trump အိမ်ခြံမြေကုမ္ပဏီ ရာဇဝတ်မှုကျူးလွန်ခဲ့လို့ တရားရုံးဆုံးဖြတ်
အမေရိကန်သမ္မတဟောင်း Donald Trump ရဲ့ အိမ်ခြံမြေလုပ်ငန်း Trump Organization ကုမ္ပဏီအနေနဲ့ ၁၅ နှစ်တာ အခွန်မဆောင်ရအောင် လိမ်လည်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်လို့ New York ပြည်နယ်တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။
ကုမ္ပဏီက ဝင်ငွေအဖြစ်မပြဘဲ ကုမ္ပဏီထိပ်တန်းအရာရှိကြီးတွေအတွက် ဇိမ်ခံတိုက်ခန်းတွေ၊ ကားတွေ ငှားရမ်းခလို ပုဂ္ဂိုလ်ရေးအသုံးစရိတ်တွေကို အခွန်လွတ်အောင်ပေးခဲ့တာ၊ အဲဒီထိပ်တန်းအရာရှိကြီးတွေကို ပေးခဲ့တဲ့ ဘောက်ဆူးတွေကိုလည်း ကုမ္ပဏီကမဟုတ်တဲ့ ကွန်ထရိုက်တာတွေကို ပေးခဲ့တာမျိုး ပြခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောတဲ့ ပြစ်မှု ၁၇ မှုလုံးမှာ အပြစ်ရှိကြောင်း ဂျူရီအဖွဲ့က တေ့ွရှိခဲ့တာဖြစ်ပါတယ်။
August လတုန်းက အပြစ်ရှိပါတယ်လို့ဝန်ခံထားတဲ့ Trump ကုမ္မဏီရဲ့ဘဏ္ဍာရေးမှူး Allen Weisselberg ကလည်း ဝင်ငွေ ဒေါ်လာ ၁.၇ သန်းကျော်ကို ဝင်ငွေခွန်မပေးရအောင် အာဏာပိုင်တွေကို အသိမပေး ချန်လှပ်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ Christmas ဘောက်ဆုံးအဖြစ်ပေးတဲ့ ချက်လက်မှတ်တွေကို Trump ကိုယ်တိုင်လက်မှတ်ထိုးခဲ့သလို Weisselberg ရဲ့မြေးတွေအတွက် ပုဂ္ဂလိကကျောင်းစရိတ် ဒေါ်လာသိန်းနဲ့ချီကို Trump ကိုယ်တိုင်ပေးခဲ့တယ်လို့ အခုအမှုမှာ Weisselberg က ထွက်ဆိုခဲ့ပါတယ်။
အဓိကသက်သေတယောက်ဖြစ်လာတဲ့သူကတော့ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အပေးအယူလုပ်ခဲ့တဲ့အတွက် ထောင်ဒဏ် ၅ လပဲ ပြစ်ဒဏ်အချခံခဲ့ရပါတယ်။
ရာဇဝတ်မှု ၁၇ မှုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိထားတဲ့ Trump အိမ်ခြံမြေလုပ်ငန်းကုမ္ပဏီ အမှုအတွက် ရှေ့နှစ် ဇန်နဝါရီလ ၁၃ ရက်မှာ ပြစ်ဒဏ်ချမှတ်မှာဖြစ်ပါတယ်။ ကမ္ဘာတဝန်း ဟိုတယ်လုပ်ငန်းတွေ၊ ဂေါက်ကွင်းတွေနဲ့ အိမ်ခြံမြေရောင်းဝယ်ရေးလုပ်နေတဲ့ Trump Organization အနေနဲ့ ဒေါ်လာ ၁.၆ သန်းအထိ ဒဏ်ကြေးပေးရနိုင်ပါတယ်။ ကုမ္ပဏီရှေ့နေကတော့ တရားရုံးဆုံးဖြတ်ချက်အပေါ် အယူခံဝင်သွားမယ်လို့ ပြောပါတယ်။
ထရမ့်ရဲ့ ငွေကြေးအခြေအနေနဲ့ သူ့ ကုမ္ပဏီတွေရဲ့ လုပ်ငန်းတွေကို နယူးယောက်ခရိုင် ရှေ့နေချုပ်က စုံစမ်းစစ်ဆေးခဲ့တာ သုံးနှစ်ကြာခဲ့ပြီး ဒါဟာ အဲဒီ စုံစမ်းစစ်ဆေးရေးကထွက်ပေါ်လာခဲ့တဲ့ တခုတည်းသော ရာဇဝတ်မှုလည်း ဖြစ်ပါတယ်။ ထရမ့်ကို ပုဂ္ဂိုလ်အရတော့ အရေးမယူသေးပါဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်လို့ ဆက်လက် စုံစမ်းစစ်ဆေးနေဆဲဖြစ်ပြီး နယူးယောက်ပြည်နယ် ရှေ့နေချုပ်ရုံးက ထရမ့်အပေါ် စုံစမ်းစစ်ဆေးရာမှာပါဝင်ခဲ့ဖူးတဲ့ ရှေ့နေတယောက်ကို စုံစမ်းစစ်ဆေးရေး ခေါင်းဆောင်အဖြစ် ဒီ အပတ်ထဲမှာပဲ တာဝန်ပေးလိုက်ပါတယ်။