သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီရက်ပိုင်း ကျင်းပတော့မယ့် လွှတ်တော်အမတ် ရွေးကောက်ပွဲတွေမှာ အတိုက်အခံတွေဘက်က အပြတ်အသတ် အနိုင်ရခဲ့မယ်ဆိုရင် အာဏာ လွှဲပြောင်းရေး ချောချောမွေ့မွေ့ ဖြစ်ပါ့မလား။ ရွေးကောက်ပွဲ လွန်ကာလ တည်ငြိမ်မှု အခြေအနေတွေနဲ့ စိုးရိမ်ချက်တွေ အလားအလာတွေကို ဒီသတင်းပတ် အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

၁၉၉၀ ရွေးကောက်ခံ လွှတ်တော်အမတ်ဟောင်း ဒေါက်တာတင့်ဆွေ၊ လက်ရှိ အာဏာရ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီရဲ့ ဂန့်ဂေါ မဲဆန္ဒနယ် အမျိုးသား လွှတ်တော်အမတ် ဦးလှဆွေ၊ ဧရာဝတီ သတင်းဌာနရဲ့ အယ်ဒီတာချုပ် ကိုအောင်ဇော် တို့ဦးဆောင်ပြီး သောတရှင်တို့လည်း ပါဝင်ဆွေးနွေးထားပါတယ်။

XS
SM
MD
LG