သုံးရလွယ်ကူစေသည့် Link များ

NLD အစိုးရ တလတာ ဆောင်ရွက်ချက်


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ဦးဆောင်ပြီး အစိုးရသစ် တာဝန်ယူလာတာ အခုဆိုရင် တလပြည့်သွားပြီ ဖြစ်ပါတယ်။ အစိုးရတာဝန်ယူခဲ့တဲ့ တလတာကာလမှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ ခေတ်စနစ်နဲ့ မညီတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ ကြိုးပမ်းတာတွေကအစ သင်္ကြန်တွင်း စီးပွားဖြစ် မဏ္ဍပ်ဆောက်တာကို တားမြစ်တာအဆုံး အပြောင်းအလဲမျိုးစုံကိုလည်း တွေ့ရပါတယ်။ အစိုးရသစ် တာဝန်ယူခဲ့တဲ့ တလတာကာလမှာ ဆောင်ရွက်ခဲ့သမျှတွေထဲက သောတရှင်တွေ သဘောအကျဆုံး၊ သဘောမကျဆုံး ဘာတွေများရှိပါသလဲ ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။

XS
SM
MD
LG