မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေကြားမှာ သာမက တိုင်းရင်းသား အဖွဲ့တွေ အချင်းချင်းကြားမှာပါ ဖြစ်ပွားနေတဲ့ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ဒေသခံထောင်ပေါင်းများစွာ အတိဒုက္ခရောက်နေကြရပါတယ်။ လွန်ခဲ့တဲ့နှစ်တွေအတွင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ကြိမ် လုပ်ခဲ့ပေမဲ့ မငြိမ်းချမ်းနိုင်သေးပဲ ဖြစ်နေရတာဟာ ဘာကြောင့်များပါလဲ၊ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေကို ပုံစံသစ်နဲ့ချဉ်းကပ်ဖို့ လိုအပ်နေပြီလား၊ ဆိုတာကို အင်္ဂါနေ့ည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ဆွေးနွေးထားပါတယ်။