မြန်မာနိုင်ငံရဲ့ ပညာရေးပြုပြင်ပြောင်းလဲမှု ဘယ်အဆင့် ဘယ်အခြေအနေ မှာ ရောက်နေပါပြီလဲ၊ အနိမ့်ဆုံးအဆင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်တဲ့ ပညာရေးအဆင့်ကိုရောက်ဖို့ ရည်ရွယ်ပြီး ထိရောက်တဲ့ မူဝါဒနဲ့ အကောင်အထည်ဖော် တာတွေ ရှိနေပါပြီလား စသည်အားဖြင့် လက်ရှိ ပညာရေးပြုပြင်ပြောင်းလဲမှု အခြေအနေကို ဆွေးနွေးထားပါတယ်။
ပင်တိုင်ဆွေးနွေးသူတွေအဖြစ် ဒဂုံတက္ကသိုလ်၊ ဆရာ ဆရာများသမဂ္ဂ ဥက္ကဌ ဒေါက်တာအာကာမိုးသူ၊ ပညာရေးပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာ ကွန်ယက် (NNER) အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်သူသူမာတို့နဲ့အတူ သောတရှင်တွေ ပါဝင် ဆွေးနွေးထားပါတယ်။