သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံ လူဦးရေထဲက အများစုဖြစ်တဲ့ အမျိုးသမီးတွေထဲက နိုဝင်ဘာရွေးကောက်ပွဲမှာ ၀င်ရောက် ယှဉ်ပြိုင်ဖို့ရှိတဲ့ အမျိုးသမီး ကိုယ်စားလှယ်လောင်းအရေအတွက်ဟာ အမျိုးသားတွေထက် အဆမတန်ကို နည်းနေပါတယ်။

ဒီလိုနည်းရတဲ့ အကြောင်းရင်းတွေနဲ့ ပါတ်သက်ပြီး ဒီတပါတ် အင်္ဂါနေ့ တိုက်ရိုက်လေလှိုင်း အစီစဉ်မှာ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ နိုင်ငံရေးစိတ်ပါဝင်စားမှု အခြေနေတွေ၊ ပါတီနိုင်ငံရေး လွှတ်တော်နိုင်ငံရေးနဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍ တွေနဲ့ အတူ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင် လုပ်ဆောင် နိုင်ဖို့ လုံလောက်တဲ့ အားပေးမှုတွေ၊ အခွင့်အလန်းရမှု အနေထားတွေကို ဆွေးနွေးထားပါတယ်။

ပင်တိုင်ဆွေးနွေးသူ ကချင်ပြည်နယ်က စည်းလုံးညီညွတ်ရေးနဲ့ ဒီမိုကရေစီပါတီက ဒေါ်ဒွဲဘူနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က အရင်လွှတ်တော်အမတ် ဒေါက်တာတင့်ဆွေ အပြင် Tiangle Women အဖွဲ့က ဒေါ်ခင်လေးတို့က ဆွေးနွေးထားပါတယ်။

XS
SM
MD
LG