သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲစာရင်း စစ်ဆေးရာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများ


မန္တလေးမှာ မဲစာရင်းစစ်ဆေးနေပုံ
မန္တလေးမှာ မဲစာရင်းစစ်ဆေးနေပုံ

ရွေးကောက်ပွဲမှာ မဲပေးနိုင်ဖို့ အတွက် မဲစာရင်းမှာ ပါမပါ စစ်ဆေးရမယ့် နောက်ဆုံးရက်ဟာ ၂၇ ရက်နေ့မို့ ရက်ပိုင်းပဲ လိုပါတော့တယ်။ ပြည်သူတွေ မဲစာရင်း စစ်ဆေးဖို့နဲ့ ပါတ်သက်ပြီး ကြုံနေကြရတဲ့ အခက်အခဲတွေနဲ့ ဒီအခက်အခဲတွေကို ဘယ်လိုကျော်လွှား ကြမယ် ဆိုတာတွေကို NLD မဲစာရင်း စီစစ်ရေးအဖွဲ့ ခေါင်းဆောင် ဦးထွန်းထွန်းဟိန်၊ မဲစာရင်းနဲ့ မကြာခင်ကျင်းပတော့မယ့် ရွေးကောက်ပွဲအတွက် စောင့်ကြည့်လေ့လာနေသူ ဦးစည်သူအောင်မြင့်၊ ပြည်သူတွေ မဲစာရင်းစစ်ကြဖို့ ကိုယ်တိုင်လှုပ်ရှား ဆော်သြနေတဲ့ လူငယ်အဖွဲ့က မရွှေဆက် တို့က ဆွေးနွေးထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်က မဲစာရင်းစစ်ရာမှာ လွယ်ကူအောင် လုပ်ဆောင်ထားတာတွေ နဲ့ ပါတ်သက်ပြီး ကော်မရှင်အဖွဲ့ဝင် ဦး မြင့်နိုင်ရဲ့ ပြောကြားချက်တွေကိုလည်း ဒီတပါတ် အင်္ဂါည တိုက်ရိုက်လေလှိုင်း အစီအစဉ်မှာ ကြားကြရမှာပါ။

XS
SM
MD
LG