ဒီနှစ် မဟာအတာသင်္ကြန်ကာလအတွက် အများပြည်သူ ရုံးပိတ်ရက်ကို ခါတိုင်းနှစ်တွေလို ၁၀ ရက်မဟုတ်ဘဲ ၅ ရက်ပဲ သတ်မှတ်လိုက်ပါတယ်။
ဒီလို သင်္ကြန်ကာလ အများပြည်သူ ရုံးပိတ်ရက် လျှော့ချတဲ့ကိစ္စ အစိုးရအဖွဲ့ရဲ့လုပ်ကိုင်ပုံအပေါ်နဲ့ ပိတ်ရက် ၁၀ ရက်ကနေ ၅ ရက်ပဲ သတ်မှတ်လိုက်တဲ့ အပေါ် ဗွီအိုအေသောတရှင်တွေရဲ့ သဘောထားတွေကို အင်္ဂါည တိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးထားပါတယ်။
မြန်မာ့အရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိန်းနဲ့ စာရေးဆရာ ကိုဝတို့က ပင်တိုင်ဆွေးနွေးပြီး သောတရှင်တွေရဲ့ သဘောထားမှတ်ချက်တွေ ပါဝင်ပါတယ်။