သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပိုးလမ်းမကြီးနဲ့ မြန်မာ့ငြိမ်းချမ်းရေး အလားအလာ


နိုင်ငံတော်အတိုင်ပင်ခံနဲ့ တရုတ်သမ္မတ
နိုင်ငံတော်အတိုင်ပင်ခံနဲ့ တရုတ်သမ္မတ

နိုင်ငံပေါင်း ၆၀ ကျော် ဆက်စပ်နေတဲ့ ၂၁ ရာစု ပိုးလမ်းမကြီး စီမံကိန်းမှာ မြန်မာနိုင်ငံလည်း ပါဝင်မှာဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခတွေရှိနေတဲ့ ရှမ်းပြည်မြောက်ပိုင်း ကချင်ပြည်နယ် ရခိုင်ပြည်နယ်တွေဟာ ဒီ ဖွံဖြိုးမှု စီမံကိန်းတွေ ဖြတ်သန်းသွားမယ့် ဒေသတွေပါ။ ဒါကြောင့် ၂၁ရာစု ပိုးလမ်းမကြီး စီမံကိန်းကြောင့် လက်ရှိလုပ်နေတဲ့ မြန်မာငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဘယ်လို သက်ရောက်လာနိုင်ပါသလဲဆိုတာ မအေးသန္တာကျော်နဲ့အတူ တရုတ်-မြန်မာအရေးလေ့လာသူ ဒေါက်တာလှကျော်ဇော၊ လူ့ဘောင်သစ်ဒီမိုကရက်ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ ဘုတ်အဖွဲ့ဝင် နိုင်ငံရေးအကျဉ်းသားဟောင်း ဦးကျော်စွာဆွေတို့နဲ့အတူ ဖေ့စ်ဘွတ်နဲ့ အီးမေးလ်တို့ကနေ ပါဝင်ဆွေးနွေးကြသူတွေရဲ့ပေးစာတွေ ဝင်ရောက်ဆွေးနွေးသူ ကျောက်ဖြူအထူးစီးပွားရေးဇုံစီမံခန့်ခွဲမှုကော်မတီတွဲဘက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ဖူးသူဦးအောင်ကျော်သန်း အမေရိကန်ပြည်ထောင်စုက ကိုဒွေးမောင်တို့ သုံးသပ်ဆွေးနွေးထားကြတဲ့ စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ဆွေးနွေးထားတာ အသံဖိုင်မှာ အပြည့်အစုံနားဆင်နိုင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG