သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရပ်နွေဦးနှစ်ပတ်လည် တူနီးရှားက ဆန္ဒပြပွဲများ


People wave national flags during demonstrations on the seventh anniversary of the toppling of president Zine El-Abidine Ben Ali, in Tunis, Jan. 14, 2018.
People wave national flags during demonstrations on the seventh anniversary of the toppling of president Zine El-Abidine Ben Ali, in Tunis, Jan. 14, 2018.

တူနီးရှား နိုင်ငံ မြို့တော်မှာ မနေ့ တနင်္ဂနွေနေ့က ရာနဲ့ချီတဲ့ လူတွေ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။ သမ္မတ Zine El Abidine Ben Ali ကို ဖြုတ်ချခဲ့တဲ့ ၇ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်တဲ့ မနေ့ တနင်္ဂနွေနေ့ကမြို့တော်ထဲက ရပ်ကွက်တခုမှာတော့ ကျောက်တုံးတွေနဲ့ ပစ်ပေါက်ကြတဲ့ ဒါဇင်နဲ့ချီတဲ့ လူငယ်တွေကိုတော့ ရဲတွေက မျက်ရည်ယိုဗုံးနဲ့ ပစ်ခတ် ဖြိုခွဲခဲ့ပါတယ်။

နိုင်ငံရဲ့ လူမှုရေး စီးပွားရေး ကိစ္စတွေ အပေါ် မကျေနပ်ချက်ကြောင့် မြို့တော် တူးနစ် အပါအဝင် နိုင်ငံတဝန်း ပြီးခဲ့တဲ့ သတင်းပတ် ဆန္ဒပြပွဲတွေမှာ အကြမ်းဖက်မှုတွေလည်း ဖြစ်ခဲ့တာပါ။

အသက် ၂၀ ဝန်းကျင် လူငယ်တွေက ရဲကားတွေကို ကျောက်တုံးတွေနဲ့ပေါက်၊ ကား တာယာတွေကို မီးရှို့ ခဲ့ကြပြီးနောက်မှာ လုံခြုံရေး တပ်ဖွဲ့တွေက မျက်ရည်ယိုဗုံးနဲ့ လူစုခွဲခဲ့ရတယ်လို့ မျက်မြင်တွေ့သူတွေက ရိုက်တား သတင်းအေဂျင်စီကို ပြောဆိုကြပါတယ်။

အလုပ်အကိုင်၊ လွတ်လပ်မှုနဲ့ ဂုဏ်သိက္ခာလို့ လွန်ခဲ့တဲ့ ၇ နှစ်က ကြွေးကြော်ခဲ့ကြသလို ပြီးခဲ့တဲ့ သတင်းပတ် ဆန္ဒပြပွဲမှာ ထပ်ပြီးကြွေးကြော်ခဲ့ကြရပြန်ပါတယ်။ တော်လှန်ရေးက လူတွေရဲ့ နေ့စဉ်ဘ၀ အတွက် ဘာမှဖြစ်မလာဘဲ ဆိုးသထက် ဆိုးလာနေတယ်၊ နိုင်ငံရေး သမားတွေက လူထုကို ပစ်ထားပြီး သူတို့ သက်သာရာ သက်သာကြောင်းဘဲ အာရုံစိုက်နေတယ်လို့ Fatma Ben Hassine က ပြောပါတယ်။

တူနီးရှား အစိုးရရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်တွေ အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ သတင်း တပတ် ကြာမြင့်ခဲ့ပြီးတဲ့ နောက်မှာတော့ ချို့တဲ့ မိသားစုတွေ အတွက် အထောက်အပံ့ကို ဒေါ်လာ ၇၀ ဒသမ ၃ သန်း တိုးမြှင့်ဖို့ အစိုးရက စီစဉ်နေကြောင်း တာဝန်ရှိသူ တဦးက မနေ့ စနေနေ့က ပြောပါတယ်။ မိသားစု ၂ သိန်းခွဲလောက် ပါဝင်မှာ ဖြစ်ပြီး ချို့တဲ့သူတွေနဲ့ လူလတ်တန်းစားတွေကို အထောက်အကူ ဖြစ်စေမယ်လို့ လူမှုဖူလုံရေး ဝန်ကြီး Mohamed Trabelsi က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG